Tuesday, 7 September 2010

ကျိန်စာသင့်သူ....




လောကကြီးဟာ နေပျော်စရာမရှိသလောက်ပါလား.....။


ဘာကြောင့်အဲလိုခံစားနေရသလဲ....။ အဲဒီသီချင်းတစ်ပုဒ်ထဲကိုပဲ ဖိနားထောင်နေလိုက်မိတယ်...။ အရာရာကို မေ့ပျောက်ဖို့ မဟုတ်ဘူး...။ တစ်စုံတစ်ရာကိုပါ....။ ဟုတ်တယ်... ကိုယ့်ကို ဟတ်ထိသွားစေတဲ့ စကားလုံးတွေကိုမေ့သွားဖို့ လိုလိမ့်မယ်...။ အဓိပ္ပါယ်မဲ့ ၀ဲတက်လာတဲ့... မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းရင်း အာရုံလွဲဖို့ ကြိုးစားသေးတယ်... မအောင်မြင်ဘူး....။ ဒီတော့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ရုံပေါ့....။ အိုကေ....အသက်ကို ၀၀ရှူ... စိတ်ကိုလျော့ထား.... ။ ဒီလိုခံစားမှုမျိုးက ကိုယ်နဲ့မှ စိမ်းမနေဘဲ...။ ဘာကြောင့်အထူးအဆန်းလုပ်နေမလဲ...။ တစ်ချိန်က ကိုယ်မနှစ်သက်တဲ့သူဆီက အဲလိုး) စမိုင်းသင်္ကေတလေး ခဏခဏရဖူးတယ်...။ ခုတော့ ကိုယ်ကိုယ်တိုင် အဲလိုပြုံးပြုံးပြနေရပြီ...။ ကမ္ဘာကြီးလုံးတယ်ဆိုတာ ဒါလား... ကိုယ့်ဆီကို တစ်ပတ်လည်ပြီး ပြန်ရောက်လာသတဲ့လား...။ ဟားးးးး...လူဆိုတာမျိုးကလဲ ကိုယ်ကိုယ်တိုင် ခံစားဖူးမှပဲ ကိုယ်ချင်းစာတတ်တဲ့အမျိုးပါလား...။ ဒါတောင် လူတိုင်းမှာ ဒါမျိုးစိတ်မရှိဘူး...။ ခံစားချက်ကို ကော်ဖီထဲထည့်ဖျော်ပြီး မော့သောက်ပစ်လိုက်တယ်...။ ဒီနေ့ကိုယ်ကောင်းကောင်းအလုပ်လုပ် နိုင်မှဖြစ်မယ်..။ ကြိုးစားရင်းနဲ့များတောင် အလိုက်မသိတဲ့ရင်ဘတ်က ဆစ်ခနဲ နာကျင်ဖြစ်အောင် နာလိုက်သေး...။ အို... နုလိုက်တဲ့အသည်းနှလုံး...။ အချိန်ကြာမြှင့်မှု... အတွေအကြုံ... ရင့်ကျက်မှုဆိုတာတွေဟာ... စိတ္တဇနမ်အတွက်တော့ အသုံးမ၀င်တော့ဘူးထင်ရဲ့....။ ဒီလိုခံစားမိလို့ ကိုယ့်ကိုယ်ကိုတော့ ရှက်မိသေး...။

ကိုယ့်ဘ၀မှာ ကျိန်စာဖြေပေးမယ့်သူဆိုတာ ရှိမှမရှိတော့ဘဲ............................................
ရပါတယ် ...... နှုတ်ဆက်ခဲ့ပါတယ်လို့မပြောလဲ.... တိတ်တိတ်ကလေး ထွက်သွားနေကျပဲလေ....။



မှတ်ချက်။ စာရေးတဲ့သူတွေအမြဲအဝေဖန်ခံရတဲ့ စကားရှိတယ်....။ စာရေးတဲ့သူတွေဟာ ကုန်ကြမ်းအဖြစ်အသုံးပြုပြီးရင် အဲဒီတစ်ဘက်လူရဲ့ခံစားချက်ကို ငဲ့မကြည့်တတ်ကြဘူးတဲ့...။ အဲလိုတော့ ပစ္စလက်ခတ် မယူဆစေချင်ဘူးဗျာ...။ တကယ်တမ်း စာရေးသူတွေဟာလဲ ကုန်ကြမ်းတိုင်းအတွက် ရင်နဲ့ရင်းခဲ့ရတာတော့ မမြင်တတ်ကြပါဘူး...။ ကုန်ကြမ်းတစ်ခုဆီတိုင်းအတွက် စာတစ်ပုဒ်တိုင်းအတွက် ရင်ဘတ်နဲ့ ရင်းခဲ့ရလွန်းလို့လဲ...အနာပေါ်အနာဆင့်လို့ ကွဲအက်ကြေမွတဲ့ ဒဏ်တွေကြောင့် နှလုံးသားလဲ အကောင်းတိုင်းမရှိကြတော့ပါဘူးဗျာ.....။

မိုးငွေ့

4 comments:

သိင်္ဂါကျော် said...

ခံစားချက်တွေ ကော်ဖီထဲသာ ထည့်သောက်ပစ်လိုက်..
ကြာလာတော့ ကုန်သွားမှာပေါ့.. :D

blackroze said...

မကြီးရာ...
ခံစားချက်တွေလာတူနေတယ်...
တိတ်တိတ်လေးထွက်သွားလည်း
သွားပါစေ..မတားပါဘူး
မနေချင်တဲ့သူကိုမတားချင်လို့ပါ

ညလင်းအိမ် said...

သူကတော့ တိတ်တိတ်လေး ထွက်မသွားဘူးဗျ ...
ရင်ဘတ်ကို ကန်ပြီး နှလုံးသားကို ချေသွားတာ ...

သူတို့ကို တင်းဒယ် ...

Cameron said...

တကယ်တော့ အစ်ကို့မှာမပြစ်မရှိပါဘူး...
ဟိုမှာအလုပ်လုပ်ရင်း သူဘာသာသူ ဘာမှတောင်သိလိုက်မှာမဟုတ်ဘူး...ဒါပေမယ့် ငါ့ကိုလိမ်ညာ လှည့်ဖျားသွားတဲ့ သူ့နောက်ကွယ်ကသူကိုတော့ အရမ်းကို ရွံမုန်းမိတယ်.....။