Friday, 16 June 2023

Hello!!!....




အဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ငွေဇင်လှိုင်း ကာဗာပြန်ဆိုထားတဲ့ "ဟယ်လို" သီချင်းလေးကို MDY FM 87.9 MH မှာနားထောင်လိုက်ရတယ် ...။ သေသေချာချာနားထောင်ခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်ပေမယ့် မူရင်းအဆိုရှင်ကို ဘယ်လိုမှ စဉ်းစားလို့မရလို့ You Tube မှာပြန်ရှာတော့မှ ငယ်ငယ်မှန်းသိခဲ့ရ....။ ကာဗာပြန်ဆိုပေမယ့် မြူးဆစ်ပိုင်း ဗားရှင်းကို သိသိသာသာဘာမှသိပ်မပြောင်းထားပါဘူး ငွေဇင်လှိုင်းက သူ့စတိုင်လ်နဲ့သူဆိုသွားတာ နားထောင်လို့ကောင်းတယ်....။ သူဆိုတဲ့စတိုင်လ်က R & B ဘက်ပိုသွားတယ်လို့ ခံစားမိတယ်...ကောင်းတယ်....။

ငယ်ငယ်ဆိုခဲ့တဲ့ "Hello" က "အလွမ်းရဲ့ည" DVD ထဲကသီချင်းလေးလို့ထင်ပါတယ်.... တေးရေးက ရဲလေးပါ....ဒီသီချင်းလေးနားထောင်ပြီး ၂၀၁၀ - ၂၀၁၂ ဝန်းကျင်ကို ပြန်သတိရစေတယ်....။





__________________

Revolution will prevail
မိုးငွေ့

No comments: