Tuesday, 6 June 2023

ဓမ္မအထွေထွေမှတ်စုများ(၂၈).....


 





 "နတ်"တွေဟာ နေ့စဉ်

အစည်းအဝေး လုပ်တဲ့အခါ

လူ့ပြည်မှာ လူတွေဟာ

ဘာတွေလုပ်လဲ ဆိုတာ

မိမိရဲ့ကိုယ်စောင့်နတ်က

တင်ပြပေးရတယ်၊


အဲထဲမှာ ကုသိုလ်တကာ့

"ကုသိုလ်"ထဲတွင်

အမြင့်ဆုံးဖြစ်သော

ဝိပဿနာကျင့်ကြံ့ အားထုတ်သူကို

မြေ စောင့်နတ်

ရေ စောင့်နတ်

တော စောင့်နတ်

နတ် အမျိုးမျိုးက

အင်မတန် စောင့်ရှောက်ပေးရတယ်၊


စောင့်ရှောက် မပေးရင်

အထက္က နတ်မင်းကြီးတွေက 

အပြစ်ပေး ဒဏ်ခံရတယ်၊


အရင်ကလည်း ပြောဖူးတယ်

မနက်ဖြန်မှာ

ကမ္ဘာကြီးနဲ့ ဂြိုလ်တစ်ခုခု

ဝင်တိုက်ပြီးတော့

ပျက်စီးမယ် ဆိုပါစို့


လူတစ်ယောက်ယောက်ကများ 

အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟု

တရားတွေ ကျင့်ကြံ့နေရင် 

ကမ္ဘာပျက်မဲ့နေ့ကို နတ်တွေဗြဟ္မာတွေက 

ရက်ရွေ့ပေးရတယ်။

အဲလူဟာ အရိယာဖြစ်မှပဲ 

ကမ္ဘာကြီးက ပျက်ပေးရတယ်။


ဘုရားရှင်ခေတ်တုန်းကလည်း 

သံဃာတပါးက

ဝိပဿနာအားထုတ်နေရင်း 

မကြာခင် ရဟန္တာဖြစ်တော့မယ့် 

အချိန်အခါဖြစ်လေသည်။


မွန်းလွဲပြီးမှ ရဟန္တာဖြစ်ရင် 

ဆွမ်းမစားလိုက်ရမှာဆိုးလို့ 

နေနတ်သားကြီးက 

နေကို ရပ်တန့်ပေးထားပြီး 

ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့အထိ့ 

စောင့်ရှောက်ပေးကြတယ်။


ယနေ့ခေတ်မှာလည်း 

တကယ်တရားကျင့်နေတဲ့

မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်

နတ်သားနတ်သမီးတွေက လာလာဖူးကြသတဲ့။


အရိယာပုဂ္ဂိုလ် ဖြစ်မဖြစ်ကိုအသာထားဦး

ဝိပဿနာ တကယ်ကျင့်နေလျင်ပင်

သင့်အနီးအနားမှရှိတဲ့ ဘုမ္မစိုး ရုက္ခစိုး

ရွာစောင့်နတ်တွေ နယ်စောင့်နတ် 

နတ်အမျိုးမျိုးတွေက သင့်ကို 

စောင့်ရှောက် ကယ်တင်ပေးရတယ်။

သင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။


အခြားကုသိုလ်တွေ လုပ်ရင်လည်း 

စောင့်ရှောက်ပါတယ်။ သို့သော် 

သင်ဟာ နတ်တွေကို အမျှပေးဝေဦးမှ၊ 

အမျှဝေလည်း နတ်တွေဟာ 

သာဓုခေါ်နိုင်ဦးမှ ဖြစ်တယ်။


နတ်တစ်ပါးက ကြားရင် 

သင့်ကို တစ်ပါးက စောင့်ရှောက်မယ်။

သို့သော် အဲ့နတ်က သင်ဘယ်သွားသွား

အမြဲတမ်းတော့ စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး


ဝိပဿနာအားထုတ်သူကြတော့ 

တလောကလုံးမှာရှိတဲ့နတ်တွေက 

သင်ဘယ်သွားသွား စောင့်ရှောက်ပေးရတယ်။


သင်မနောစိတ်က ဘာလိုချင်လဲ? 

ဥပမာ အစားအစာဖို့ အခက်အခဲဖြစ်နေလျင်ပင်

နတ်တွေက လူရောင်ဖန်ဆင်းပြီး

ဆွမ်းလာကပ်တဲ့အထိ အင်မတန်စောင့်ရှောက်ကြတယ်။


#Credit (ပါမောက္ခချုပ် ဆရာတော်ကြီး)




No comments: