ခုတလော Good Vibe လေးရနေတယ်...။ ဒါက လမ်းဘေးတစ်နေရာမှာတွေ့လိုက်ရတဲ့ ကင်းပုံနွယ်ပင်လေးက ပန်းလေးပွင့်နေတာလှလို့ ရိုက်ထားတာ...။ ကင်းပုံသီးတော့ စားဖူးတယ် ကင်းပုံညွှန့်လေးတွေကိုတော့မစားဖူးဘူး ဟင်းချိုချက်သောက်ရင်ကောင်းတယ်တဲ့....။ ကင်းပုံသီးလေးတွေကတော့ ပုစွန်ခြောက်လေးနဲ့နှပ်စားရင် သိပ်ကောင်းတာပဲ...။ လောကမှာ သဘာဝကပေးထားတဲ့ စားပင်သီးပင်တွေကပေါများကြွယ်ဝလွန်းလှပါတယ်....။ ဘယ်အပင်က စားလို့ရတယ် မရဘူး အဆိပ်ရှိတယ် မရှိဘူးဘဲ ခွဲခြားတတ်ရင်ရပြီ....။ လူတွေမှာလည်း အဲလိုပဲ အဆိပ်ရှိတဲ့သူ, မရှိတဲ့သူ ခွဲခြားတတ်ဖို့ အရေးကြီးတယ်...။ ခွဲခြားတတ်ရင်တော့ ဆရာကြီးပဲ....:) တွေးကြည့်ရင် သနားစရာတော့ကောင်းတယ် လမ်းဘေးမှာ ဘယ်သူမှ ဂရုမပြုသတိမထားမိတဲ့ ပန်းပွင့်လေး သူ့မှာလည်း သူ့တန်ဖိုး သူ့အလှရှိတယ် မြင်တတ် ကြည့်တတ်ရင်ပေါ့...။
ဒီနေ့ နှင်းဆီပန်းနီရဲရဲတစ်ပွင့်ပန်ဖြစ်တယ်......
ပြီးတော့... ဒီနေ့ နှင်းဆီပန်းပန်တဲ့ကောင်မလေး ၁၃ ယောက်ကိုဖမ်းသွားကြသတဲ့...။ တွေ့လားသားရီး နင့်ပထွေးနဲ့ခွေးတစ်သိုက်က ပန်းပွင့်လေးတောင်ကြောက်ကြတယ်တဲ့....ဟဟ...။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment