ကျနော့်အကြိုက်ဆုံး ကိုမျိုးကျော့သီချင်းတွေထဲမှာ ဒီသီချင်းက ထိပ်ဆုံးကပါတယ်....။ ကိုမျိုးကျော့ကို စသိကတည်းက သူ့သီချင်းတွေကို စနားထောင်ကတည်းက အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်...။ ကာဗာလည်း ခနခနဆိုကြတယ်...။ ပထမဆုံး ဒီသီချင်းလေးရဲ့ ဗားရှင်းအသစ်မှာ မြေပဲယိုအဖွဲ့က "အချစ်များစွာအတွက်" စီးရီးမှာ ပြန်ဆိုထားတာကိုလည်းကြိုက်တယ် အခု မေမဒီနဲ့စုံတွဲပြန်ဆိုထားတဲ့ ဗားရှင်းကိုလည်းကြိုက်တယ်...။ မူလသီချင်းကိုက စာသားရော သံစဉ်ရောကကောင်းပြီးသားမို့ ဘယ်လိုဗားရှင်းမျိုးကိုပဲပြောင်းပြောင်းဘယ်သူပဲကာဗာဆိုဆို ကောင်းနေတော့တာပဲ....။ ကိုမျိုးကျော့ သီချင်းတွေကို အရမ်းနှစ်သက်စွဲလန်းနားထောင်နေဖြစ်တဲ့ အဲအချိန်တွေက ကျနော့် Crush လေးနဲ့ ကျောင်းတော်မှာသာယာပျော်ရွှင်နေတဲ့အချိန်ပေါ့...။ ခုတော့လည်း Crush ဟာ အိမ်ထောင်တွေဘာတွေကျ ကလေးတွေရ တကယ့်ဦးလေးကြီးတစ်ယောက်ပုံစံ ထိပ်တွေလည်းပြောင်လို့ ဟဟ....ကိုယ်တွေက နှစ် နှစ်ထောင် Vampire မျိုးဆိုတော့.... အမလေး ငါမယူလိုက်တာမှန်တယ်ဖြစ်ရော....။ ဟိုတုန်းကတော့ သူမင်္ဂလာဆောင်သွားလို့ အသည်းတွေကွဲလိုက်ရတာ.....။
ငယ်ငယ်ကအကြောင်းပြန်ပြောလို့ ဟိုတလောက ဘဏ်မှာ ကျနော် ဆယ်တန်းပြီးလို့ အင်္ဂလိပ်စာသင်တန်းတက်တုန်းက သူငယ်ချင်းနဲ့ပြန်တွေ့တယ် ....။ ပြန်တွေ့တယ်ဆိုတာ ကျနော့်ကိုသူအရင်တွေ့ပြီး လိုက်ကြည့်နေတာ ကျနော်ဝင်ထိုင်လိုက်တာ သူ့အနောက်တစ်ခုံကျော်က သူကျနော့်ကိုနောက်ပြန်လှည့်ကြည့်သေးတယ် ကျနော်ဘယ်လောက်အကျင့်မကောင်းလည်းဆို သူကြည့်နေတာသိပေမယ့် မသိချင်မမြင်ချင်ယောင်ဆောင်လိုက်တယ် ခေါ်နေရမှာစိုးလို့....ကျနော် အဲလိုလူမှုရေးညံ့ပါတယ်....။ ဟိုတုန်းက အဲကောင်လေးနာမည်က Rays(ကျောင်းကဆရာကြီးပေးထားတဲ့နာမည်)တဲ့ အသားဖြူဖြူကြည်ကြည် ရုပ်ကဘိုရုပ်စပ်တယ်...ချောချောလေး...။ သူ အသက်ဆယ့်ရှစ်နှစ်ကတည်းက နာမည်ကြီး Brand ကားတာယာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ကျနော် လေယာဉ်မယ်လုပ်ချင်တယ်ပြောတော့ CV form ဖြည့်ထား..သူအိမ်မှာလာယူပေးမယ်ပြောတာ...။ ကျနော်ကတော့ ငယ်ငယ်လေးနဲ့အလုပ်လုပ်နေတဲ့သူ့ကို အားတွေကျလို့ပေါ့....။ ဟော ....အခုကျနော် ဘဏ်မှာပြန်တွေ့တော့ ပလေကပ်ပုဆိုးနဲ့ရှပ်အင်္ကျီနဲ့ ဗိုက်ရွှဲရွှဲ အဖိုးကြီးပေါက်စရုပ်ပေါက်နေပြီတဲ့ အံ့ဩစရာပဲ တကယ်က သူကျနော့်ထက် သုံးလေးငါးနှစ်လောက်ငယ်သေးတယ်...။ ခုအလွန်ဆုံးရှိ လေးဆယ်ငါးပေါ့....(ဒါလေးက ကြုံတုန်းပြောပြတာ ပို့စ်နဲ့မဆိုင်)..။
ပို့စ်အကြောင်းပြန်ဆက်မယ်... ဒါကြောင့် ကျနော်အရမ်းကြိုက်ခဲ့တဲ့ ခုထိလည်း ကြိုက်နှစ်သက်နေဆဲ "ဘာကိုစတေးရမလဲ" ကို June ရဲ့ ပထမဆုံး မိုးနေ့ညနေလေးမှာ မှတ်မှတ်ရရတင်ပေးလိုက်ပါတယ်....။ အားလုံးသာယာကြည်နူးတဲ့နေ့တစ်နေ့ဖြစ်ပါစေ.....။
No comments:
Post a Comment