2022 တစ်နှစ်ပတ်လုံး လေးလံထိုင်းမှိုင်းမှုတွေနဲ့ Low Vibes မှာ အမြဲလိုလိုရှိနေတာရယ် Angel No.12 ရဲ့ ဖိအားပေးမှုတွေနဲ့ Evil ရဲ့ အားကောင်းမှုတွေကြောင့် ကျမ မေတ္တာလှိုင်းမပို့ဖြစ်တာ ဘယ်လောက်ကြာနေခဲ့လဲ....။ ခုတော့ စိတ်ချလက်ချ ဝန်ထုတ်ဝန်ပိုးမရှိ သန့်ရှင်း လွတ်လပ် ပေါ့ပါးစွာ ပြန်စလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို တကယ်ပဲအားရမိသလို ကျေးဇူးလဲတင်မိတယ်....။ ကျမကို အမြဲစောင့်ရှောက်ပေးတဲ့ အိန်ဂျယ် ဆယ့်နှစ်ပါးလုံး အထူးသဖြင့် Angel No.8....thank you so much....။
ကောင်းမွန်တဲ့ဘယ်လိုအရာကိုပဲဖြစ်ဖြစ် ဆိုးရွားလွန်းတဲ့ဘယ်လိုအဖြစ်အပျက်မျိုးကိုပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပါဝင်ပတ်သက် ပြုလုပ်ဖန်တီးလို့ ဖြစ်လာရတာချည်းပဲ....။ ကျမ ကိုယ်လုပ်တဲ့ ကိုယ့်အပြစ်ကိုခံယူတယ် နားလည်သဘောပေါက်အောင်လုပ်တယ်...။ ဒီလိုပဲ မှတ်သားသင်ခန်းစာယူစရာရှိတာလည်း အရိုးစွဲသေသည်အထိ မှတ်သားတတ်ရတယ်...။ လူတစ်ယောက်မှာ အခွင့်အရေး နှစ်ကြိမ်ကနေ သုံးကြိမ်ထိအများဆုံးရကြတယ် ရနိုင်တယ် အဲသုံးကြိမ်ထိကို မယူတတ်ရင်တော့လည်း ကိုယ့်ရဲ့အရည်အချင်းနဲ့ အသုံးမကျမှုကြီးဖြစ်သွားတဲ့အတွက် ကိုယ်ရရှိထားတဲ့အရာတွေကို လက်လွတ်ဆုံးရှုံးတဲ့အခါလည်း စိတ်ဓါတ်ကြံ့ခိုင်စွာ ခံနိုင်ရည်အပြည့်ရှိနေရမယ်...။ အမှားတစ်ခုကိုထပ်မလုပ်ဖို့လည်း အနည်းဆုံး သတိပေးစကားတွေ Warning တွေအရင်လာတာပဲ အခွင့်အရေးသုံးကြိမ်ရနိုင်တာပဲ သုံးကြိမ်ကျော်သွားလို့ ထပ်လုပ်မိရင်တော့ မိမိကိစ္စ မိမိတာဝန် မိမိရဲ့ညံ့ဖျင်းမှုကြီးဖြစ်သွားပြီ...။ ကျမကတော့ လူညံ့တစ်ယောက်ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူးပဲ...။ ဘယ်လိုပဲ လဲပြိုပြို လဲပြိုအောင်လာလုပ်လုပ် မသေမချင်းတော့ ပြန်ထနိုင်ဖို့ ခွန်အားတွေ သတ္တိတွေ စွမ်းအင်တွေ ကျမရဲ့ ခန္ဓာမှာ စိတ်ဝိညာဉ်မှာ အမြဲသိုလောင်ထားတယ်...။ ဘယ်အရာမဆို ကိုယ့်အတွက်ကောင်းတာလေးတွေ ရွေးတတ် ယူတတ်ဖို့ပဲလိုတယ် ....။
"ကိုရမ်ဒီမျိုးကျော်" ပြောသလိုပဲ Everything is Energy ဆိုတော့ ကိုယ့်ကိုယ်ကို High Vibes ဖြစ်အောင် မြှင့်နေတဲ့သူတွေ အတွက် ကိုယ့်ရဲ့ Surrounding က လူတွေ၊ အရာဝတ္ထုတွေကိုလဲ သတိထားပြီး Shift လုပ်ဖို့ ပါ။ တစ်ခုခုကို ပြောင်းလဲချင်တယ်ဆိုရင် ကိုယ်ကစပြီး ပြောင်းလဲရမယ်ဆိုတဲ့ အလေ့အကျင့်က တကယ်ကို မှန်လွန်းပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲတဲ့ အချိန်မှာ ကိုယ့် ပတ်ဝန်းကျင်က Low Vibes ဖြစ်နေတယ်ဆိုရင် ကိုယ်ကလဲ အဲ့ဒီ Energy စက်ကွင်းထဲက မနဲလွတ်အောင် ပုံမှန်ထက် ပိုရုန်းရတာလေးတွေ ရှိတတ်ပါတယ်..။ ဥပမာ - ကိုယ်က အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကောင်းတာတွေ တွေးနေ လုပ်နေတဲ့ အချိန်မှာ ကိုယ့်နဲ့ အနီးကပ်နေတဲ့ လူတွေက Negativity တွေ အရမ်းများနေတဲ့ အခါမျိုးတွေမှာ သူတို့ အတွေးအခေါ်တွေနဲ့ ကိုယ့်လုပ်ရပ်တွေက အမြဲဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်ပြီး ကိုယ့်ရဲ့ ကောင်းနေတဲ့ Feeling ကပါ အောက်ကို ပြန်ပြန် Down ပြီး စိတ်ပျက်စရာတွေ ကြုံရတတ်ပါတယ်။ ဒီလို အခြေအနေဆိုရင်တော့ ဒီလို လူတွေနားက သေသေချာချာ ရုန်းထွက်တတ်ဖို့ လိုပါတယ်။
ခုကစပြီး Concentration ကောင်းအောင် Meditation ပြန်လုပ်ရမယ်....။ စိတ်ငြိမ်အေးချမ်းမှုကို ပြန်တည်ဆောက်ယူမယ်...။ ချစ်ခင်သူတွေဆီ ညစဉ် ပြန်ပြီး Metta Wave ပို့ပေးမယ်...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment