♦️ Ho’oponopono ( ဟို အို ပို နို ပို နို ) နည်းနဲ့ စိတ်ကို လွှတ်ချကြည့်ကြမယ်။ စိတ်ကို Release, Relax, Healing လုပ်ချင်တဲ့ အခါတွေမှာ Hawaiian ဟာဝိုင်ယီကျွန်းပေါ်က လူတွေသုံးတဲ့ ရှေးဟောင်း ရိုးရာဓလေ့ နည်းလမ်းတစ်ခုပါ ။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးက ဒီိ Healing Method Mediation ကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ နည်းလမ်းကလဲ အရမ်းကို ရိုးရှင်းပြီး လွယ်ကူပါတယ် ။
🔹 လူတွေမှာ ကိုယ့်ကိုယ်ကိုနဲ့ အခြားလူတွေ အပေါ်မှာ ခွင့်လွှတ်နိုင်ခြင်းနဲ့ ခွင့်မလွတ်နိုင်ခြင်းဆိုတဲ့ စိတ်က အမြဲလွန်ဆွဲနေတတ်ကြပါတယ် ။ တခါတလေကျတော့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ အကြောင်းအရာတွေက ပိုများနေသလိုတောင် ခံစားနေရနိုင်ပါတယ် ။
ကိုယ့်ဘာသာ တစ်ယောက်ထဲ ဝမ်းနည်းမှုတွေ၊ နာကြည်းမှုတွေ၊ ဒေါသတွေ၊ အလိုမကျခြင်းတွေ၊ အပြစ်ရှိသလို ခံစားနေရတာတွေ စတဲ့ Negative Emotion တွေကြောင့် နေရထိုင်ရတာ ကိုယ့်စိတ်နဲ့ကိုယ်တောင် အဆင်မပြေတော့တဲ့ အခါတွေဆိုတာ ရှိပါတယ် ။
ဒါ့ကြောင့် ဒီမကောင်းတဲ့ ခံစားချက်တွေကို လျော့ချပြီး ကိုယ့်စိတ်နဲ့ ကိုယ့် Soul ကို ပြန်လည်သင့်မြတ်စေရေးနှင့် Self-Forgiveness ကိုယ့်ကိုယ်ကို အပြည့်အဝ ခွင့်လွတ်ခြင်းပေးခြင်းဖြင့် ဘဝမှာ ပိုပြီး နေလိုထိုင်လို့ အဆင်ပြေလာတဲ့ အကျိုးကျေးဇူးတွေ၊ စိတ်ချမ်းသာမှုတွေကို Ho’ohponopono Practice လုပ်ပေးခြင်းအားဖြင့် ရရှိနိုင်ပါတယ် ။
ဒီလို Negative Emotions တွေကို Cleansing လုပ်ပေးခြင်းအားဖြင့် ကိုယ်လဲ နေရထိုင်ရတာ ပိုအဆင်ပြေလာမယ် ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ၊ မိသားစုတွေ၊ Relationship တွေနဲ့လဲ ပိုပြီး ဆက်ဆံရေးကောင်းမွန်လာမယ်။ ကိုယ့်ရဲ့ Energy တွေလဲ ပိုကောင်းလာနိုင်ပါတယ် ။
Ho’oponopono စကားလုံးရဲ့ အဓိပ္ပါယ်က “ အကြောင်းတရားတွေကို ဟန်ချက်ညီညီ ပြန်ဖြစ်စေတာနဲ့ ကိုယ့်အတွက် အရာရာကို မှန်အောင် လုပ်ပေးတယ်၊ ထားပေးတယ်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ် ။ လေ့ကျင့်ရမှာက Self-Love ကိုယ့်ကိုယ်ကို နှစ်နှစ်ကာကာ ချစ်ပြီး၊ Self-Forgiveness ကိုယ့်ကိုယ်ကို သေသေချာချာ ခွင့်လွှတ်ပေးရမှာပါ။
~ Myo Thiha Kyaw ~ Randy ~
ဘဝမှာ မွေးလာပြီးကထဲက အခုချိန်ထိ ဒုက္ခတွေ၊ သောကတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို အခံရဆုံးက ကိုယ်နဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ပါပဲ ။ ဒါကိုတောင် ကိုယ်က ကိုယ့်ခန္တာနဲ့ ကိုယ့်စိတ်ကို အပြစ်တင်နေဦးမယ် ။ ခွင့်မလွတ်နိုင်ဘူးဆိုပြီး ဒုက္ခတွေ သောကတွေ ထပ်ပေးနေရင်တော့ ဘယ်သူ လွန်သလဲ ဆိုတာ စဉ်းစားကြည့်ပေါ့ ။
♦️ ဒါ့ကြောင့် Ho’oponopono ရဲ့ ကိုယ့်ကိုယ်ကို ပြန်ပြောပေးရမဲ့ စကားက “ I am sorry, please forgive me, thank you, I love you.” ပါ။ ကိုယ့်ကိုယ်ကို သေသေချာချာလေး အာရုံစိုက်ပြီး “ ငါမင်းကို တောင်းပန်ပါတယ် ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပေးပါ ။ ပြီးတော့ ငါမင်းကို အရမ်းကျေးဇူးတင်ပါတယ် ။ ငါမင်းကို ချစ်ပါတယ်” ဆိုပြီး ရင်ထဲက အလေးအနက်ထားပြီးတော့ ကိုယ့်ကိုယ်ကို သေသေချာချာ ပြောပေးပါ ။
ဒီအရာကို ထပ်ကာ ထပ်ကာ ပြောပေးပြီး ကိုယ့်ကိုယ်ကို တစ််ကယ် တောင်းပန်ပါ ။ ခွင့်လွတ်ပေးပါ ။ ကျေးဇူးတင်ပါ ။ ချစ်ပေးပါ ။ ဒါကို သေသေချာချာ လုပ်ရုံပါပဲ။ Mediation Video တွေနဲ့ တွဲပြီးလုပ်ချင်တယ် ဆိုရင်တော့ အောက်မှာ Link ပေးထားပါမယ် ။
တိတ်ဆိတ်တဲ့ နေရာမှာ နားကြပ်တပ်ပြီး လဲလှောင်းပြီး ဖြစ်စေ၊ ထိုင်ခုံမှာ ထိုင်ပြီးဖြစ်စေ၊ တရားထိုင်သလို ထိုင်ပြီးတော့ ဖြစ်စေ လုပ်လို့ ရပါတယ် ။ ကားမောင်းနေရင်း၊ အန္တရာယ်ရှိတဲ့ စက်တွေ ကိုင်တွယ်နေတဲ့ အချိန်တွေမှာ လုပ်လို့ မရပါဘူး ။
https://youtu.be/vVFZmKSDS6w
Have A Nice Day! ♥️♥️♥️
🍀 Myo Thiha Kyaw ~ Randy 🍀
⭐️ Life Coach & Spiritual Guidance
⭐️ Reiki & Energy Healer
⭐️ Balance & Healing Chakra
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment