Tuesday, 25 April 2023

My Doodles Art (3).....













































မနက်က တက်စီငှားစီးတော့ ကားဆရာက ကျနော့်ကို ပန်းချီဆရာမလားတဲ့...။ ကျနော့်ကိုဘာကြည့်ပြီး ပန်းချီဆွဲသင်တဲ့ဆရာမလို့ထင်တာလဲလို့ ပြန်မေးတော့ လက်ထဲကပါလာတဲ့ ထမင်းစားပန်းကန်အခင်းပြားလေးကို သူက ပန်းချီကားတွေလို့ထင်နေတာတဲ့... ပန်းချီဆရာမဆို ပန်းချီဝါသနာပါတဲ့ ရှစ်နှစ်အရွယ် သူ့ရဲ့သားလေးကို သင်တန်းအပ်ချင်လို့ပါတဲ့....။ ကျနော်ကဖြင့် ပုံဆွဲဝါသနာပါပေမယ့် တခါမှတော့ ဆရာနဲ့သေချာသင်တာတွေဘာတွေ မလုပ်ဖူးဘူး ကိုယ်ဆွဲတတ်တာဆွဲလိုက်တာပဲ...။ ပန်းချီအခြေခံဘယ်လိုတွေစဆွဲရသလဲတောင်မသိတဲ့သူပါဆို....။

စိတ်ပါနေသရွေ့ဆွဲဖြစ်နေဦးမယ်ထင်တယ် Dooldes တွေကို.....။ တကယ်က အသက်ကြီးလာရင် လုပ်စရာရှိအောင်ဆိုပြီး ရှာထားတဲ့ activities တွေထဲက တစ်ခုကို ကျနော်က ခုကစပြီး လုပ်ဖြစ်နေတာ...။ အပျင်းပြေ စိတ်လေ စိတ်ညစ်တဲ့အခါ စိတ်ကို အနားပေးတဲ့ သဘောနဲ့ စမ်းရေးရင်း ခုတော့ ညအိပ်ရာဝင်ခါနီးဆို နည်းနည်းလေးဆွဲလိုက်ရမှ ....။ ခု သုံးအုပ်မြှောက်စာအုပ်နဲ့ လေးငါးပုံလောက်ပြီးနေပြီ အဲပုံအသစ်တွေကိုတော့ နောက်တစ်ပို့စ်ကျမှ တင်ပါမယ်....။ 


__________________
Revolution will prevail
မိုးငွေ့

 

No comments: