Wednesday, 12 April 2023

Self - Affirmation.....



ဒီနေ့ ကျနော် တယ်လီဂရမ်မှာ follow လုပ်ထားတဲ့ ကိုမျိုးကျော်ရဲ့ ခွန်အားဖြစ်စာလေးတင်ပေးချင်ပါတယ်...။

Self - Affirmation ဆိုတာက ကိုယ့်ကိုယ်ကို ခံယူချက်တစ်ခုခုကို အခိုင်အမာ ချမှတ်လိုက်တာပါ...။

Eg - I am strong. I am enough. I am smart. etc.. I am နဲ့ စတဲ့ ခံယူချက် စာကြောင်းတွေပါ .... နောက်ထပ် ပြောချင်တာက စကားလုံးတိုင်းမှာလဲ စွမ်းအင်တွေ ရှိပါတယ်။ ဥုံ .. ဆိုတဲ့ စကားလုံးလိုမျိုး။ ပရိတ်တရားတော်တွေ၊ ဂါထာတွေ၊ မန္တန်တွေ လိုမျိုး words တွေက Powerful ဖြစ်ပါတယ်...။


လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှေ့ဆက်နေကြသူတွေပါ...။ ကိုယ်က လုပ်နိုင်တယ်လို့ တွေးတဲ့ အရာတွေက လုပ်ဖို့ လွယ်ကူနေတတ်ကြပြီး ကိုယ် မလုပ်နိုင်ပါဘူးလို့ တွေးရင်တော့ လုပ်ဖို့ ခက်ခဲနေကြပြန်တယ်..။ ဒါ့ကြောင့် စိတ်သာ အဓိကမို့ ကိုယ့်ရဲ့ ခံယူချက်တွေကို အရင်ဆုံး ပြုပြင်သင့်ပါတယ်..။


အတွေးတွေ ပြောင်းသွားရင် လုပ်ရပ်တွေကလဲ ပြောင်းလဲ သွားမှာပါ..။ လုပ်ရပ်တွေ ပြောင်းလဲလာရင် ရလဒ်တွေကလဲ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်ကို အဓိကကောင်းချင်ရင် အတွေးတွေ ကောင်းနေဖို့ လိုပါတယ်..။


ငါလုပ်နိုင်မှာ မဟုတ်ပါဘူး...။ ငါက သူများတွေလောက် Style မကျဘူး...။ ငါကို ချစ်မဲ့ ခင်မဲ့လူတွေ မရှိဘူး...။ အဲ့ဒီလိုတွေ တွေးပြီး လုပ်တဲ့ အပြုအမူတွေနဲ့ ဆိုရင်တော့ အပေါ်က ပြောသလို မကောင်းတဲ့ ရလဒ်တွေပဲ ထွက်လာမှာပါ...။


ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ခံယူချက်တွေကို Positive ဘက်ကို ပြောင်းကြည့်ပါ...။


ဆရာကြီး မင်းသိင်္ခရေးတဲ့ Today Affirmation နဲ့ ဒီစာကို အဆုံးသတ်ပါ့မယ်...။


“ ငါဟာ စိတ်ဓါတ်ကြီးမား ရင့်သန်တဲ့သူဖြစ်တယ်။ ဘယ်လို အကြောင်းကိစ္စနဲ့မှ ငါ့စိတ်ဟာ ယောက်ယက်မခတ်ဘူး...။ ငါ့စိတ်ဟာ ကျောက်ဆောင်ကျောက်တုံးလို ခိုင်မာတယ်...။ ဒါ့ကြောင့်လဲ ငါနဲ့ တွေ့ကြုံဆုံဆည်းတဲ့ လူမှန်သမျှရဲ့ စိတ်ဓါတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါဟာ ငါ့မှာ ရှိတဲ့ အရည်အချင်း အစစ်အမှန်ပဲ...။ "


ကိုယ် အလိုရှိသလို တီထွင်ကြံဆ အသုံးပြုနိုင်ကြပါစေ ...


Have A Nice Day! ♥️♥️♥️


🍀 Myo Thiha Kyaw ~ Randy 🍀


⭐️ Life Coach & Spiritual Guidance

⭐️ Reiki & Energy Healer

⭐️ Balance & Healing Chakra 

⭐️ Own Business Management Trainer



No comments: