နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
မြတ်စွာဘုရားက လောကမှာ အကျိုးရှိရှိနေဖို့အတွက် ဘုရား၊ တရား အာရုံကို နှလုံးသွင်းထားပါတဲ့။ တရားကိုလည်း နှလုံးသွင်း အာရုံမပြုဘူးဆိုရင် အရိယာသံဃာတော်တွေရဲ့ ဂုဏ်ကို အာရုံပြုလိုက်ပါ။
ကဲ အဲဒီလိုမှ နှလုံးသွင်းပြီး မကျင့်နိုင်သေး
ရင် နောက်ဆုံး ကိုယ့်ရဲ့ သီလ
ကိုယ်ကျင့်တရားကို ဆင်ခြင်နိုင်တယ်။
လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး
ငါးပါးသီလလောက်ကို လုံခြုံအောင် လုပ်ရ
မယ်။ ငါးပါးသီလကို ဝါရိတ္တသီလ လို့ ခေါ်
တယ်။ တစ်ပါးမှ လျော့လို့မရဘူးနော်။
ငါးပါးသီလပြည့်စုံမှ လူ့ဘဝပြည့်စုံမယ်။
အဲဒါလေးကို နည်းနည်းလောက် ပြန်စဉ်းစား
ကြည့်ရအောင်။ လူ တစ်ယောက်ဟာ အရင်
ဘဝတုန်းက ငါးပါးသီလထဲက လေးပါး
လောက်ကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်
နော်။ အဲဒီအထဲမှာ ပါဏာတိပါတကံ ကို
မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘဝရောက်လာတဲ့
အခါမှာ ချမ်းချမ်းသာသာ ဖြစ်ပေမယ့်လို့
အသက်တိုမယ်။ ဘယ်သူက အသက်တိုတို
နေချင်မလဲနော်၊ ပါဏာတိပါတကံ မလုံခြုံခဲ့
ရင် လူဖြစ်လာတဲ့အခါမှာ အနာရောဂါများ
မယ်၊ အသက်တိုမယ်၊ ဒါက အပေါ့ဆုံး
အပြစ်နော်။ ငရဲကျတာ မကျတာ အသာ
ထားနော်၊ ငါးပါးသီလရဲ့ အပေါ့ဆုံးအပြစ်က
ဒီအထိ အောင် ခံရမယ်။
အာဒိန္နာဒါနကံ မလုံခြုံခဲ့ရင် ပစ္စည်းတွေဟာ
ရှာလို့တော့ရပါရဲ့၊ ခဏခဏ ပျက်စီးသွား
မယ်၊ မီးလောင်တဲ့အထဲ ပါသွားမယ်၊ ကိုယ့်
ရဲ့ ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။
နောက်တစ်ခု ကာမေသု မိစ္ဆာစာရကံ မလုံရင်
လူမုန်းများတယ်၊ သူနဲ့ ဘယ်သူမှမတည့်ဘူး၊
သူ့မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်၊
အခြောက်တိုက် မုန်းတာမျိုးပေါ့။ နောက်ပြီး
တော့ “ကျား” မဟုတ် “မ” မဟုတ် ဖြစ်တတ်
တယ်။
မုသာဝါဒကံ မလုံရင် သူ့စကားကို မယုံကြ
တော့ဘူး။ သူပြောသမျှ မည်သူ တစ်ဦးတစ်
ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့ စကား
အရာမရောက် ဖြစ်တယ်။ ဒါကြောင့် “မုသား
ဆို ရယ်စရာအနေနဲ့တောင်မပြောဘဲ
ရှောင်ကြဉ်သင့်တယ်” လို့ မြတ်စွာဗုဒ္ဓ
ဟောကြားထားတယ်။
သုရာမေရယကံ မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝ
မှာ ဦးနှောက် မပြည့်ဘူး၊ ကျပ် မပြည့်ဘူး
ပြောကြတယ်၊ ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။
ဒါ့ကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံ အောင်
စောင့်ထိန်းသင့်တယ်။ ငါးပါးသီလထဲက
တစ်ခုမှလျော့လို့မရဘူး။ လူရယ်လို့ ဖြစ်လာ
တဲ့အခါမှာ အသက်ရှည်ရမယ်၊ ကျန်းမာပြီး
အနာကင်းရမယ်၊ ပစ္စည်းဥစ္စာ ရှိရမယ်၊ လူ
ချစ်လူခင် ပေါများရမယ်၊ ဉာဏ်ပညာ
ပြည့်စုံရမယ်၊ ဩဇာရှိရမယ်။ ရူးနှမ်းနှမ်း
မဟုတ်ဘဲ တည်ကြည်သူဖြစ်ရမယ်။
ငါးပါးသီလလုံခြုံရင် အဲဒီအကျိုး တွေရ
မယ်။ ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရ
မယ်။
ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ
တစ်ခုခုလိုနေလိမ့်မယ်။ အဲဒီတော့ ကိုယ့်ရဲ့
သီလလေး ကိုယ်ပြန်ဆင်ခြင်ကြည့်လိုက်ရင်
ကျိုးပေါက်တာမရှိဘူး၊ သေစေ လိုတဲ့စိတ်နဲ့
ဘယ်သတ္တဝါကိုမှငါမသတ်ဘူး၊ သူတစ်ပါး
ပစ္စည်းကို မရိုးသားတဲ့စိတ်နဲ့ လိုချင်မှုမရှိဘူး၊
မတရားရယူခြင်းမှ ရှောင်ကြည်ရမယ်၊ မု
သာဝါဒကို ရယ်စရာ အနေနဲ့တောင် မပြော
ဘူး၊ သုရာမေရယကံ ကို ကျန်းမာရေး
အတွက်နဲ့တောင် မဖောက်ဖျက်ဘူး။
သီလကို ပြန်ပြီးဆင်ခြင်ဆန်းစစ်လိုက်တဲ့
အခါမှာ ဝမ်းသာတဲ့ ပီတိစိတ်ကလေး
ဖြစ်လာတာပေါ့။ မြတ်စွာဘုရားက ရှည်
ရှည်ဝေးဝေး မဟော ပါဘူး၊ လက်တွေ့ကျ
တာကိုပဲ ဟောပြောသွားတာပါ။
နောက်တစ်ခုက ကိုယ့်ရဲ့ စွန့်လွှတ်စွန့်ကြဲ
ပေးကမ်းမှု ဒါနကို ဆင်ခြင်ပြီး ဝမ်းသာနေရ
တာ။ မိသားစုဝင်တွေကို အိမ်မှာ ကိုယ့်ရဲ့
လုပ်အားဒါနကို အကြောင်း ပြုပြီး ခွဲဝေ
ကျွေးမွေးတဲ့အချိန်မှာ ဒါမှမဟုတ်
အလုပ်တာဝန် ခွဲဝေဆောင်ရွက်ပေးတဲ့ အခါ
မှာ မစ္ဆရိယ မရှိဖို့လိုအပ်တယ်။ မစ္ဆရိယရှိရင်
ဒါကတော့သူဖို့ ဒါကတော့ငါ့ဖို့ ဆိုပြီးတော့
ခွဲဝေလာတတ်တယ်။ ကိုယ့်ရဲ့ မိတ်ဆွေ
သင်္ဂဟတွေကိုလည်း ခွဲဝေပြီး အားလုံးရဲ့ဆန္ဒ
ကို ဖြည့်ဆည်းပေးကာ ဝမ်းမြောက်နေကြရ
မယ်။ အားလုံးက ချစ်ခင် တဲ့ စာဂဂုဏ်ကို
အာရုံပြုရင် ကြည်နူးဝမ်းမြောက်မှုက
တစ်ဆင့် စိတ်တည်ငြိမ်မှု ရလာတော့တယ်။
နောက်တစ်ခုက ဒေဝတာနုဿတိ ပွားများ
လို့ရတယ်။ ဒါ နတ်တွေကို ပူဇော်တာမျိုး၊
သတိရတာမျိုး မဟုတ်ပါဘူး။ နတ်တွေရဲ့
ဂုဏ်ဖြစ်တဲ့ သဒ္ဓါ, သီလ, သုတ, စာဂ ဆိုတဲ့
အရည်အသွေးကောင်းတွေကိုအာရုံပြုပြီး
ကိုယ့်ရင်ထဲမှာရှိတဲ့ အရည်အချင်းနဲ့ နှိုင်းယှဉ်
ကြည့်ပြီး ငြိမ်းအေးလာအောင်လုပ်တာဖြစ်
တယ်။ နတ် တွေရဲ့ ကုသိုလ်ကောင်းမှုတွေ
ဟာ ကိုယ့်ရဲ့ ရင်ထဲမှာလည်းရှိနေတာပဲလို့
ဆင်ခြင် စဉ်းစားပြီး ဒေဝတာနုဿတိ
ပွားများခြင်းဖြင့် ဝမ်းမြောက်မှု ပီတိ, ငြိမ်
အေးမှု စိတ်ချမ်းသာပြီး တည်ကြည်လာပါ
တယ်။
အဲဒီလို ဘဝမှာ နေထိုင်နည်း အမျိုးမျိုးရှိတဲ့
အနက် ဖော်ပြပါ ၆-မျိုးထဲက တစ်ခုခုနဲ့နေ
ရင် ဓမ္မအသိနဲ့နေခြင်းလို့ မြတ်ဗုဒ္ဓက
ဟောပြော ပြသထားတယ်။ ဒါကလည်း
သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ငါးမျိုး
လုံလောက်ပြည့်စုံမှသာ အခုလုပ်တဲ့လုပ်ငန်း
အောင်မြင်နိုင်မယ်။ ဒါကြောင့် ၅-မျိုးကို
လုံလောက်အောင် ဖြည့်ကျင့်ရင်း မြတ်ဗုဒ္ဓ
ဟောပြောပြသခဲ့တဲ့ မဟာနာမသုတ်တော်
လာ ဓမ္မအသိနဲ့ နေခြင်းမျိုးနဲ့ တရားချစ်ခင်
သူတော်စင်အပေါင်းတို့ နေနည်းမှန်စွာ ဘဝ
မှာ နေထိုင် နိုင်ကြပြီး အေးချမ်းတည်ငြိမ်တဲ့
ပုဂ္ဂိုလ်မြတ်တွေ ဖြစ်နိုင်ကြပါစေသတည်း။
#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#Posted_by_Words_of_Buddha
[ ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
တရားတော်မှ ]
No comments:
Post a Comment