Friday, 8 July 2022

ပြန်ဆုံချင်တာပဲသိတာပါ.....




 

အိမ့်ချစ်ရဲ့ ဒီသီချင်းကို ဖေ့ဘွတ်က ကောင်းထက်ပိုင်ရဲ့ ဗီဒီယိုကလစ်လေးတစ်ခုမှာ ပြန်နားထောင်လိုက်ရလို့ တင်ဖြစ်သွားတာပါ...။ အောက်မှာ ကောင်းထက်ပိုင်ရဲ့ကလစ်ကိုတင်ပေးထားပါတယ် သီချင်းပါတာက အပိုင်း(၂)မှာပါ ...။ ဒါပေမယ့် အပိုင်း(၁)ကိုအရင်ကြည့်နော်...။

တကယ်တမ်း တစ်ရက်မှ မေ့မရခဲ့ဘူးလို့ ပြောရင် ယုံမှာလား.... ?
ယုံမှာမဟုတ်မှန်းသိလျက်နဲ့ ထပ်သလဲလဲမေးခွန်းတွေကိုပဲ မေးမိနေတယ်....။ 
"ဟလို...." အဲဒီနေ့က ဖုန်းကောလေးဟာ "ပြန်ဆုံချင်တာပဲသိတာပါ"....။ မင်းနဲ့အဝေးဆုံးနေရာလေးတစ်ခုမှာ ကိုယ်ရှင်သန်နေခဲ့တယ်...။ ကိုယ့်ရဲ့အသိစိတ်ထဲမှာ ပုန်းအောင်နေတဲ့ ခံစားချက်တစ်ခုကရှိခဲ့တာတော့အမှန်ပါ...။ အဲဒါ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းနဲ့ပြန်ဆုံချင်တယ်ဆိုတဲ့မျှော်လင့်ချက်လေးတစ်ခုပဲ....။ 



🎵🎵တစ်ယောက်တည်း အသည်းကွဲနေတာပါ 
အချစ်ရေ ကိုယ့်ဘေးနားနားလိုနေတာ
မင်းရှိတုန်းပဲ ကိုယ်မျက်ဝန်းထဲ မြင်ခဲ့တာ
ငါလေ တောင်းဆိုတာမို့ နင်လေ နားလည်မလား
ကုန်ဆုံးသွားတဲ့ အချိန်တွေတိုင်း
နင် သတိရပေး ချစ်လေး ခုတော့ ဘယ်ဆီမှာ
နားခိုမလဲ မင်းချန်ထားတဲ့ အချစ်များနဲ့
ရှင်သန်ဆဲ အမြဲတမ်းမင်းအတွက်ပဲ🎵🎵




အပိုင်း(၁)



အပိုင်း(၂)


_______________________
Revolution will prevail
မိုးငွေ့


No comments: