အခု ကျမ Sound Cloud ကနေ သီချင်းတွေနားထောင်ဖြစ်တယ် Joox က Update မဖြစ်တော့ဘူးလေ ဘယ်အဆိုတော်မှလည်း သီချင်းတွေမတင်ကြတော့သလို သီချင်းတော်တော်များများလည်း နားထောင်လို့မရတော့ဘူး...။ ခုမှစသုံးတော့ သီချင်းတွေဘယ်လိုရှာရ ဘယ်လိုသိမ်းရတယ်ဆိုတာ သိပ်မသိသေးဘူး လေ့လာရဦးမယ်...။ ဥက္ကာရဲ့ "တစ်နေ့နေ့တော့"ကို ဒီလိုပဲ သီချင်းတွေလိုက်ရှာရင်း နားထောင်မိလို့ကြိုက်သွားတယ်..။ You Tube မှာလည်းရှိတာနဲ့ လာတင်ဖြစ်သွားတာ...။
🎵....မေ့သွားရမှာပဲ ရင်ဆိုင်ဖို့အားမရှိလဲ....🎵
🎵🎵.....နင်ဆိုတာ ငါ့အတွက်တော့ တစ်နေ့နေ့တော့ ပုံပြင်လေးတစ်ပုဒ်ပေါ့.....🎵🎵
တစ်နေ့နေ့ကျရင် နှုတ်မဆက်ဘဲတိတ်တဆိတ်ထွက်သွားဖို့ အမြဲတောင်းဆိုဖူးပေမယ့် တကယ်တမ်း နာရီပိုင်း အချိန်ပိုင်းလောက် ဖုန်းခေါ်မလာတာနဲ့ တမျှော်မျှော်ခေါ်ခေါ် အသည်းသန်ဖြစ်နေတာလည်း ကိုယ်ပဲလို့ သိလိုက်ရတဲ့အခါ ထားသွားခံရတဲ့တစ်နေ့မှာ ကိုယ့်အနေအထား ကိုယ်ခန့်မှန်းမိတော့ Pls don’t leave me alone… လို့ ခပ်တိုးတိုးတောင်းပန်မိ...။
______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment