ကိုမျိုးကျော့ သီချင်းတွေထဲက "အတူကတဲ့ညလေး" က မြူးမြူးလေးနဲ့ ချစ်စရာလေး....။
ခုတလော ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဘူးလို့ ခံစားနေရတယ် လူကလန်းလည်းမလန်း(still fly မဖြစ်) နေလို့ထိုင်လို့မကောင်း ဆိုတော့ ကိုယ့်ဘာသာကို သီချင်းမြူးမြူးလေးနားထောင်ရင်း Moti ယူရတယ်...။
မိုးငွေ့တစ်ယောက်ကြည့်လိုက်ရင် ဘလော့မှာသီချင်းလေးတအေးအေးနဲ့ဆိုပြီး ဘာမှမသိတတ် စိတ်တွေချမ်းသာနေ အပူအပင်မရှိထင်နေကြမှာပဲ ....။ ဘာလို့ ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကို ဂုဏ်ဆာပြနေမလဲ မဟုတ်ဘူးလား ...။ ဂုဏ်ဆာတယ်ဆိုလို့ Beauty Blogger ဝင်းမင်းသန်းကို သတိရသွားတယ်....။ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ ညီမရေ.....။
အသက်ပေးသွားတဲ့သူတွေကိုအားမနာ အလယ်မှာလွတ်နေကြတဲ့ $လုပ်$ကိုင်မရှိ ဘာကိုမှအကျိုးမပြုတဲ့ နိုင်ငံရေးသမားယောင်ယောင် အာချောင်ဆရာလုပ်နေတဲ့ အချောင်စားသမားတွေ သာကူးတွေလည်း ရှက်တတ်ရင်သေသင့်ပြီ... Ballမတွေလည်းထောင်ထောင် ထောင်ထောင်ဖြစ်လာတာကြည့်မရတော့ဘူး...။ ငါမဆဲရတာကြာပြီ ခုတော့မနေနိုင်တော့လို့...။ ဒီမြေကြီးကိုတော့အားနာပါရဲ့ ဒီနိုင်ငံမှာလူလာဖြစ်ရတာကိုကမှားတာ...။ တစ်နိုင်ငံလုံးက လူစိတ်ရှိကြတဲ့ ပြည်သူတွေလည်း တဏာရူးအာဏာရူးသူတောင်းစားအကြမ်းဖက်ဓါးပြမုဒိမ်းကောင်လူသတ်သမားတွေ လက်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေ ...။ ငါတို့ အမြစ်ကနေစလှန်ပြီ....။ ရိုင်းတဲ့စကားလုံးတွေအတွက် စာဖတ်သူများကိုလည်းအားနာပါတယ် တောင်းပန်ပါတယ်...။
__________________
Revolution will prevail 👌
မိုးငွေ့
No comments:
Post a Comment