Saturday, 30 July 2022

ACID.....


 Respect You, Bro Zay Yar Thaw


ဇေယျာသော်ကို အမှတ်ရခြင်းအားဖြင့် ဒီပို့စ်ကိုတင်ခြင်းဖြစ်ပါတယ်....။ Acid စပေါ်တော့ ကျနော် နောက်ဆုံးနှစ်ကျောင်းတက်ဖို့စောင့်နေရတဲ့အချိန်... ကျောင်းတွေပိတ်လွန်းအားကြီးလို့ မပြောချင်တော့ဘူး။ ကျနော်တို့ကိုက ခေတ်ပျက်ကြီးထဲမှာလူလာဖြစ်တာပါ...တွေးတွေးရင်း ရင်နာရလွန်းလို့....။  ဖြိုးဇေယျာသော်ကို သေဒဏ်ပေးလိုက်တယ်လို့ ပထမအကြိမ်ကြားကတည်းက ခံပြင်းနေခဲ့ပြီးပြီ..။ ခုတော့တကယ်သေချာသွားပြီလို့ သတင်းထွက်လာပေမယ့် ကျနော်ကတော့ သူ့ရုပ်အလောင်းကိုမမြင်ရမချင်း သူသေတယ်လို့ကို မယုံသေးဘူး...။ ကျန်တာ ကျနော် ရှည်ရှည်ဝေးဝေးလည်း မပြောချင်တော့ဘူး အားလုံးသူတို့လမ်းနဲ့သူတို့ သွားကြလိမ့်မယ်...။ စောင့်ကြည့်နေမယ် နင်တို့လိုလူမဆန်တဲ့သူတွေသွားတဲ့လမ်းက ဘယ်လိုလဲဆိုတာ....။

အနဂ္ဃ , ဖြိုးဇေယျာသော်, ရန်ရန်းချမ်း , ဟိန်းဇော်ဟန် တို့လေးယောက်ဟာ Acid အဖွဲ့ကို "စတင်ခြင်း" ဆိုတဲ့ အယ်လ်ဘမ်နဲ့ မြန်မာသီချင်းပရိတ်သတ်ဆီ Hip Hop တေးဂီတကို သတ္တိရှိရှိ စတင်ပေးလိုက်တဲ့သူတွေလည်းဖြစ်ပါတယ်...။ အဲခေတ်က Acid ပြီးရင် ဘာဘူတို့အဖွဲ့လည်း အပြိုင်ထွက်လာသေးတယ် သူတို့ အဖွဲ့နာမည်ကို ကျနော်မေ့နေလို့...။



 
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရင်ထဲမှာ ဘယ်တော့မှမသေဆုံးတဲ့ 
အလင်းစက်တစ်ခုအဖြစ် ဇေယျာသော်အမြဲရှိနေမှာပါ...



_____________________
Revolution will prevail
မိုးငွေ့


No comments: