ငါလည်း X-boxin နဲ့ G fatt ကြိုက်တဲ့ ကောင်မလေးတစ်ယောက်ပဲလို့ (ကောင်မလေးတော့မဟုတ်တော့ဘူးပေါ့ ဒါပေမယ့် ကောင်မလေး)ကျမ လူတစ်ယောက်ကို နောက်တောက်တောက်ပြောဖူးခဲ့တယ်....။ မြီးကောင်ပေါက်မလေးတွေ နားထောင်တဲ့သီချင်းကို ကျမတို့အရွယ်နားမထောင်ရဘူးလို့ ဘယ်သူမှ ဥပဒေထုတ်မထားဘူး...။ ကြိုက်တယ်လေ... I am really crazy in love with hip hop music လေ...။
ကျမတို့ မိန်ရာသီခွင်မှာ မွေးတဲ့သူတိုင်း Dreamer တွေများတယ် စိတ်ကူးစိတ်သန်းကောင်းကြတယ် ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့ တချို့နေရာတွေမှာ သတ္တိမရှိကြဘူး ...... ။
နားထောင်ဖြစ်ခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်တိုင်းဆီမှာ ကျမ Story လေးတွေပြောဖို့ရှိနေတာကိုက ဂီတအပေါ် ရှိနေတဲ့ ကျမရဲ့နှလုံးသားနစ်ဝင်မှု....။
__________________
Revolution will prevail
မိုးငွေ့
Revolution will prevail
မိုးငွေ့
No comments:
Post a Comment