စောစောမထတတ် မေ့တတ်တာတွေကို ဖုန်း Alarm ပေးထား ကိုယ့်ကိုယ်ကို နှိုးဆော်ပေးတဲ့ စနစ်လေး ဖုန်းထဲပါလာခဲ့တာ အတော်လေးအဆင်ပြေပါတယ်...။ တဖက်ကပြန်တွေးကြည့်တော့လည်း တချို့ရက်တွေမှာ အိပ်ရေးမဝ မထချင်တဲ့အခါ ဒီ Alarm က အကြီးအကျယ်အနှောက်ယှက်ပေးတဲ့ အသံပါလားလို့ အပြစ်မြင်လာတယ် ...။ ဒါလည်း တခါတလေပါပဲလေဆိုပြီး နှစ်နဲ့ချီ Alarm ကိုပဲအားကိုးလာခဲ့ အသုံးချလာခဲ့ စိတ်မကြည်အိပ်ရေးမဝတဲ့နေ့တွေမှာ အပြစ်မြင်လိုက်နဲ့ လုံးချာလိုက်လာတာ...။ ဒီနှစ်ပိုင်းမှာကျ ငါဘာလို့ ငါ့စိတ်ကိုအနှောက်ယှက်ပေးနေတဲ့အသံကို ဖွင့်ထားခဲ့ပါလိမ့်ဆိုပြီးအတွေးဝင်မိတယ် အဲဒီတိုက်တွန်းမှုတစ်ခုအတွက်ကြောင့်နဲ့ အခု Alarm မသုံးဖြစ်ခဲ့တာ လချီခဲ့ပြီ...။
အဆင်ပြေလားဆို အိပ်ရာထနောက်ကျတယ် ဘာမှအလုပ်မဖြစ် ငပျင်းတွေကျ မနက်စာငတ်တဲ့အခါငတ် ဖြစ်သလိုစားရ နေ့လည်စာအတွက်ဟင်းထမချက်နိုင် ညနေအိမ်ပြန်ရောက်ရင်တောင် နောက်နေ့အတွက်ကြိုတင်စီစဉ်တာတွေပါ မလုပ်လာတော့ဘူး...။ ဘာကိုယ်လက်လှုပ်ရှားမှုမှမလုပ် စာဖတ်ရမယ့်အချိန်တွေမမှန် ဘုရားရှိခိုးချိန်မမှန် စည်းကမ်းတွေပျက် ဗရမ်းဗတာတွေဖြစ်...။ အားနေ သီချင်းဝုန်းဒိုင်းကျဲဖွင့် အိပ်ရာပေါ်ပက်လက်လန်....။ အိုးမိုင်ဂေါ့....2022 မှာ Evil က အားကောင်းနေတာပါလား ....။ တကယ်တော့ Angel 😇 လည်း ကိုယ်တိုင် Evil 😈 လည်း ကိုယ်တိုင်ပါပဲ အားကောင်းတဲ့ဖက်ယိုင်တဲ့သဘောပါပဲ...။ ကိုယ်က ကိုယ်ပဲ… ကိုယ်ပြောင်းလဲဖို့ပဲလိုတာ...။
ဒီတစ်ခါမှာလည်း ပထမကတိုက်တွန်းမှုကပဲ ပြန်ပြီး Alert သတိပေးချက်ပေးလာခဲ့တယ် Alarm ပြန်သုံးသင့်သုံးရတော့မယ်ဆိုတာကိုပဲ....။
_________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment