နှာခေါင်းစည်းကို
စျေးထိုးကျအောင် လုပ်တတ်တဲ့
မှော်ဆရာမကို လွမ်းတယ်......။
ကိုဗစ်တိုက်ပွဲမှာ ဗျူဟာသစ်တွေနဲ့
ရှေ့တန်းတိုက်စစ်မှူးကြီးတွေကို
လွမ်းတယ်.......။
ပစ္စည်းလား ငွေလား
ဗော်လံဒီယာလား လိုချင်တာ
အကုန်ဖြည့်ပေးမယ့် We Love
အဖွဲ့ကြီးကို လွမ်းတယ်......။
ခရိုနီဘဲလား တိုင်ကွန်းဘဲလား
ဘာလားညာလား မသိ
လိုမယ့်အရေး အကုန်တွေးပြီး
ဖြည့်ဆည်းတတ်တဲ့
လူကြီးတွေကို လွမ်းတယ်.......။
ကူးတတ်တာလား
သေတတ်တာလား
အန္တရာယ်များ မှာလား မသိ
PPE တွေ တကားကားနဲ့
ဗော်လံဒီယာ ညီကိုတွေကို
လွမ်းတယ်.......။
ကိုဗစ် စင်တာ ၊ PUI စင်တာ
ကွာရန်တင်း စင်တာ တွေမှာ
နေ့မှန်း ညမှန်း မသိ ၊ ရူးမိုက်စွာ
ပေးဆပ်ခဲ့သော ဆရာဝန်
သူနာပြု့နဲ့ ဗော်လံဒီယာတွေကို
လွမ်းတယ် .......။
ဘာလိုတာလည်း
အကုန်လှူကြမယ် ဆိုပြီး
တန်းစီစောင့်နေတဲ့
အလှူရှင်တွေကို လွမ်းတယ် ......။
နိုင်ငံဆင်းရဲတာနဲ့ မလိုက်အောင်
စွမ်းခဲ့ဘူးကြလေသော ကမ္ဘာသိ
သူရဲကောင်းတွေကို လွမ်းတယ်......။
Crd
ကိုယ်အလေးချိန် လေးငါးခြောက်ပေါင်လောက်ပြန်တက်လာတယ်......။ အစားအသောက်ပုံမှန် အသွားအလာအနေအထိုင်ပုံမှန်ပဲ ဒါပေမယ့် မသိစိတ်က စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ဖိစီးမှုတွေရှိနေမှန်းသိသာတယ်....။ ဒီလိုအခြေနေမှာ ကိုယ်စိတ်ကို အပေါ်ယံအေးဆေးဖြစ်အောင်နေနေပေမယ့် အတွင်းဖက်မှာ ကြိတ်ပြီးသောကတွေဖြစ်နေတာကိုတော့ ညာလို့မရဘူး.....။ ကပ်ကြီးအမြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး....။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေပါ ဂရုစိုက်ပါ အစားပုံမှန်စားပါ အားရှိအောင်နေပါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ အအေးမခံပါနဲ့ ကိုယ်ခံအားတက်အောင် အရွက်ပြုတ်ရည်သောက်ပေးပါလေရှူလေ့ကျင့်ခန်းလုပ်ပေးပါ တရားထိုင်ပါ အိပ်ရေးဝဝအိပ်ပါ စိတ်ကိုပျော်ရွှင်အောင်ထားပါ(အတတ်နိုင်ဆုံးပေါ့ နှိပ်စက်နေတဲ့ လူတစ်စုရှိနေသေးသရွေ့).....မဖြစ်မနေလုပ်ရမှာကအပြင်ထွက်ရင် Mask တပ်ပါ Face Shield တပ်ပါ မကြာခဏလက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ.....။ ကိုယ့်ကိုချစ်တဲ့သူအားလုံး ကိုယ်ကချစ်ရသူအားလုံးကို စိတ်ပူလို့ ဒီကနေပဲ ဂရုစိုက်ဖို့ မှာချင်ပါတယ်...။
______________________
Revolution will Prevail
မိုးငွေ့
No comments:
Post a Comment