ငိုလို့မရတဲ့ လူတစ်ယောက်ရဲ့
ရင်ထဲမှာ ဝမ်းနည်းစရာတွေ
ကုန်ခန်းသွားပြီ လို့
မင်း ထင်ရက်သလား ။
ငါသာ ကောင်းကင်ကြီး ဖြစ်ခဲ့ရင်
မိုးရေစက်တွေအဖြစ်....ရွာချလိုက်ချင်ပါရဲ့။
ကြည့်စမ်းပါဦး
မင်းကိုဆုံးရှုံးရတော့မယ်....ဆိုတဲ့အသိက
ရင်မချိအောင် ခံစားလိုက်ရပုံများ
ဘာစကားမှ
ပြောမထွက်တော့ဘူးလေ။
သစ်ရွက် တစ်ရွက် ဖြစ်ခဲ့ရင်
ငါ ကြွေပြလိုက်ချင်တယ် ။
အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့..
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့ ..
ငါ့ရဲ့ညတွေဟာ
မင်းကခုန်ဖို့အတွက်
အမြဲ နိုးထနေပါတယ် ။
မင်းကို နှုတ်ဆက်ဖို့
ငါရဲ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်လေးကို
ငေးကြည့်ကျန်ရစ်ဖို့
ငါ့မျက်လုံးတွေ
ဝေဝါးနေရပြီ ။
အဲဒါ ..
မျက်ရည်တွေလားဟင် !!!
ဘာမှမပြောဘဲ
ခံစားနေရသူချင်းအတူတူ
ကောင်းကင်ကြီးကမှ
ရွာချခွင့်ရပါသေးရဲ့ ။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
[ကြေကွဲမှတ်တမ်း -(လုံးချင်းဝတ္တု )-မှ]
No comments:
Post a Comment