Plead OST
Plead ဆိုတဲ့ကားလေးက Bangkok stories တွေထဲက ဇာတ်ကားတစ်ကား အရင်က ဒီပို့စ်မှာ တင်ခဲ့ဖူးပါတယ်...။ အခုတလော အဲဇာတ်ဝင်သီချင်းလေး နေ့တိုင်းနားထောင်ဖြစ်နေလို့ ပြန်တင်ပေးတာ....။ မှတ်မိသလောက်က ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က ထုံးချိုင်းပါ....။ ဒီဇာတ်လမ်းတွဲအတွက် Slow ပုံစံ ဗားရှင်းအသစ်နဲ့ တရုတ်ရိုးရာ တီးလုံးနောက်ခံပြောင်းပြီး အမျိုးသမီးအဆိုရှင်တစ်ယောက်က ပြန်ဆိုထားတာ....။ ဗားရှင်းအသစ်လဲ တစ်မျိုးနားထောင်ကောင်းတယ်....။ တခါတလေ ဗားရှင်းအသစ်တွေဟာလဲ မူလသီချင်းထက်ပိုကောင်းသွားတတ်တာရှိပါတယ်....။
မင်းအနားနီးဖို့ အသစ်တဖန်ပြန်လည်မွေးဖွားပါရစေ
ဒီကားလေးလည်းအရမ်းကောင်းတယ် ဇာတ်ကားနာမည်က "Kor Kerd Mai Klai Klai Ter" ထိုင်းလိုပဲရေထားတာ...။ အဓိပ္ပါယ်က "မင်းအနားနီးဖို့ အသစ်တဖန်ပြန်လည်မွေးဖွားပါရစေ"တဲ့.....။ မင်းသားက အဆိုတော် တေးရေးဆရာ သရုပ်ဆောင် Two Popetorn .. ။ ဒီကားရဲ့ OST က သူကိုယ်တိုင်ဆိုတာ ....။ သီချင်းနှစ်ပုဒ်ပါတယ်....နောက်တစ်ပုဒ်ကျတော့ နာမည်ရပြီးသား တရုတ်ထိုင်းစပ် တက်သစ်စအဆိုတော်မင်းသား Tor Thanapob Leeratanakajorn ပဲဖြစ်ပါတယ်....။ သူတို့ထိုင်းမင်းသား မင်းသမီးတွေနာမည်က အသံထွက်ရတာခက်တယ်...။ nick name တွေကိုပဲခေါ်ကြတာများတယ်....။ မြင်သာအောင်ပြောရရင် တီဗီမှာ နေဗီယာမျက်နာသစ်ဆပ်ပြာကြော်ငြာတဲ့ မင်းသား အသားဖြူဆွတ်ဆွတ် အရပ်ရှည်ကိုင်းကိုင်းနဲ့ မျက်ရစ်မပါတဲ့ နှုတ်ခမ်းထူထူနဲ့ကောင်လေး....။ မင်းသမီးက ရုပ်ရှင်မရိုက်တာ ရှစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ဟိုအရင်ချိန်တွေတိုင်းက တီဗီဇာတ်လမ်းတွဲမှာ နာမည်ရပြီးသား Aff-taksaorn ဖြစ်ပါတယ်....။ ဒီဇာတ်လမ်းလေးထဲမှာ Two Popetorn နဲ့ Aff က ချစ်သူတွေ .....ပြီးတော့နှစ်ယောက်လုံးက လေယာဉ်မောင်းတွေ....။ တစ်နေ့ကျ Two က ကျွန်းတစ်ကျွန်းမှာ လျှို့ဝှက်လုပ်နေတဲ့ ဆေးသုတေသနတစ်ခုအတွက် လေယာဉ်အကြိုပို့လုပ်ပေးရင်း မသမာသူတွေရဲ့လုပ်ကြံခံရပြီး သေဆုံးသွားပါတယ်....။ တကယ်က သေမင်းတမန်က အချိန်မရောက်သေးဘဲ ၂၃နှစ်စောပြီး မှားခေါ်သွားမိတာ....။ နတ်ပြည်မှာ အဲဒီအမှားအတွက် သူ့ကိုလူပြည့်ပြန်ပို့လိုက်ပါတယ်...။ အဲမှာ သူက သူ့သားလေးနဲ့ရွယ်တူ သူ့သားရဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ်ပြန်မွေးဖွားလာခဲ့တယ်....။ Aff နဲ့ အသက်၂၃နှစ်ကွာတဲ့ ကောင်လေးနဲ့ နောက်ထပ် အချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတယ်....။
ထိုင်းဇာတ်လမ်းတွေကြိုက်တယ်ဆိုတာ သူ့တို့ဇာတ်လမ်းတွဲတွေက ဇာတ်လမ်းမထပ်ဘူး ဇာတ်ညွှန်းကောင်းတယ် ဆန်းသစ်တယ်...။ ကိုရီးယားကားတွေလို ကင်ဆာဖြစ်မယ် မယားကြီးမယားငယ်ပြဿနာတွေ ကလေးချင်းလဲတာ ဒီအင်အေတွေပြန်စစ်တာ အဲဒါတွေနဲ့ထပ်မနေဘူး....။ ဇာတ်လမ်းတွေအများကြီး ကြည့်ခဲ့တာ တကားမှ ဆင်တူရိုးမှားမရှိသေးဘူး.....။ အဲဒါကြောင့် Night Owl ဖြစ်နေတာ မဆန်း....။ အထူးသဖြင့် Channel 3 နဲ့ One31 မှာအများဆုံးကြည့်ဖြစ်တယ်....။ အဲလိုင်းကလွှင့်တဲ့ကားတွေ အကုန်လုံးနီးပါးကောင်းတယ်....။ ထိုင်းဇာတ်လမ်းတွဲကြည့်ဖြစ်တယ်ဆိုတာ ထိုင်းစကားနားလည်လို့လည်းပါတယ်....။ ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်နယ်စပ်နဲ့နီးတော့ တီဗီကြည့်ရင် ထိုင်းကလွှင့်တဲ့ ဇာတ်လမ်းတွေပဲကြည့်ရတာကိုး....။ အဲဒါကြောင့် သူတို့စကား သူတို့လေသံတွေကို နားယဉ်နေတာ....။ သူတို့တီဗီမှာက ဘယ်နိုင်ငံက ဇာတ်ကားပြပြ အကုန်လုံး ထိုင်းလိုပြောတာ...။ Club Friday တို့လို့ တကယ့်အဖြစ်ပျက်ကိုအခြေခံပြီးရိုက်တဲ့ ဇာတ်လမ်းတွေလည်း သိပ်ကြည့်လို့ကောင်းတယ်....။ Club Friday the series 8: True Love or Sympathy နဲ့ Club Friday the series 10: Kwarn Lub အဲဇာတ်လမ်းတွဲကို You tube မှာပြန်ရှာကြည့် Two Popetorn ရဲ့ ဇာတ်ကားကောင်းလေးတွေ....။ The Series:8 မှာ FM Radio တစ်ခုက သီချင်းတောင်းအစီအစဉ်မှာ VJ လုပ်ပေးရတဲ့ မျက်မမြင်အဖြစ်သရုပ်ဆောင်ရတာ...။ နောက်တစ်ခုက Gay အဖြစ်သရုပ်ဆောင်ရတာ....။
My Forever Sun Shine OST
My Forever Sun Shine မှာ Ep.19 ပိုင်းရှိတယ်....။ Cast တွေက Mark Prin Suparat နဲ့ Kao Supassara Thanachart တို့ဖြစ်တယ်....။ မင်းသား Mark Prin က မြန်မာပြည်မှာ FB Fan page ရှိပြီးသား....။ ဒီကားလေးက Romance Drama ပါ...။ ကိုယ်ချစ်တဲ့သူတွေ အနားမှာတစ်ယောက်မှမရှိတဲ့အခါ ဘဝကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ကြံ့ကြံ့ခိုင်ရင်ဆိုင်နေထိုင်သွားရတယ်ဆိုတာလေးကို Kao ရဲ့ သရုပ်ဆောင်ချက်တွေမှာ ပီပီပြင်ပြင် မြင်ရမှာပါ....။ အချစ် အလွမ်း နဲ့ ဘန်ကောက်မြို့မဟုတ်တဲ့ သဘာဝရှုခင်းတွေ တောတောင်ရေမြေအလှအပတွေကို အများကြီးခံစားကြည့်ရှုနိုင်တဲ့ စီးရီးတွဲကောင်းတစ်ခုလဲဖြစ်ပါတယ်....။ ၂၀၂၀ ခုနှစ်မှာ rate များများရခဲ့တဲ့ ကားလေးလဲဖြစ်တယ်....။
Krachao Seeda Ost
2021 မှာ လူကြည့်အများဆုံး rate တက်နေတဲ့ Krachao Seeda ထိုင်းစီးရီးတွဲ ခုတော့ COvid တတိယလှိုင်းဖြစ်နေလို့ ရိုက်ကူးရေးဆက်မလုပ်နိုင်တာနဲ့ ရပ်ထားရပါတယ် Season 1 , Season 2 နှစ်ပိုင်းကွဲသွားတာပေါ့လို့ ထိုင်းပရိတ်သတ်တွေကို ဇာတ်လမ်းထဲက မင်းသား မင်းသမီးတွေက ရယ်စရာပြောနေကြတယ်...။ ဒီဇာတ်လမ်းတွဲမှာ ကျွန်မလောလောဆယ် အရမ်းကြိုက်ပြီး စိတ်ဝင်စားနေတဲ့ မင်းသား Got Jirayu ပါတယ်လေ....။ Cast တွေက Danish နဲ့ ထိုင်းကပြားမင်းသား Peter Corp Dyrendal မင်းသမီးက Nune Woranut နဲ့ ဒုတိယ မင်းသားမင်းသမီးတွေကတော့ Got Jirayu နဲ့ Green Ausadaporn တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်....။ GMM One 31 လိုင်းကနေ့ တစ်ပတ်မှာ ဗုဒ္ဓဟူး ကြာသပတေးနှစ်ရက်ပဲ လွှင့်ပါတယ်....။ ခုတော့ Covid-19 ကြောင့် ရိုက်ကူးရေးတွေပိတ်ထားရတာနဲ့ ဆက်မလွှင့်နိုင်သေးဘူး...။ OST သီချင်းသီဆိုသူကတော့ ထိုင်းနိုင်ငံရဲ့ R&B ဘုရင်မလို့တင်စားကြတဲ့ Rose Sirintip ပါ...။ သူ့အသံက အေးချမ်းပြီး အလွမ်းဓါတ်ခံပါတဲ့အသံ လုံးဝ drama ဆန်တယ်....။
ခုအပြင်မှာ Covid-19 ကပွထနေတာ ကူးနေကြ သေနေကြတာ ပြင်သစ်မှာဆို စတုတ္ထလှိုင်းစဖြစ်နေပြီတဲ့ ဘုရား ဘုရား ကမ်းခြေမှာ လှိုင်းမစီးရဘဲ ကိုးဗစ်လှိုင်းပဲစီးနေကြရတာ တစ်ကမ္ဘာလုံးလဲ မျော့မျော့သာကျန်တော့တယ် ...။ ဂရုစိုက်ကြပါ မက်စ်တပ်ပါ လက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ အပြင်ကို တတ်နိုင်သလောက်မသွားကြပါနဲ့ သွားပြီးပြန်လာရင်လဲ ရေမိုးချိုးခေါင်းလျှော်ပစ်လိုက်ပါ ရေနွေးသောက်ပေးပါ မနက်အိပ်ရာထရင် ဆီပလုတ်ကျင်းတာလုပ်ပေးပါ သွားမတိုက်ခင်ပေါ့ ခံတွင်းထဲ အာခေါင်ထဲအောင်းနေတဲ့ပိုးကောင်ရေတွေလျော့အောင် အဆုတ်ထဲမရောက်ခင် လုပ်ပေးပါ....။ ရှာလကာရည်ကို ရေရောပြီးတစ်ခွက်လောက်သောက်ပေး ဂျင်းပြုတ်ရည်လဲသောက်ပေး ချင့်ချိန်ပြီးလုပ်ပါ နေ့တိုင်းသောက်ပါများလဲ အပူကန်တတ်....။ ချွေးများများထွက်အောင် လေ့ကျင့်ခန်းတစ်ခုခုလုပ် အားရှိတာစားထား ချေးမများနဲ့ခုချိန်....။ ချစ်သောသူများအားလုံးကို ဒီကပဲမှာလို့ရတာ ကျန်တာ ကိုယ်လုပ်မှကိုယ်ရတာပါ....။ ကံအကူအနေနဲ့တော့ ရတနသုတ်ရွတ်ပေး နာပေးပေါ့....။ ကျွန်မတို့တော့ ရုံးနှစ်ပတ်ပိတ်လိုက်ပြီ ခုကစပြီး Stay at Home...။ ဆိုတော့ Stay Home ကာလလေးမှာ စိတ်ပျော်အောင် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်ကားလေးတွေကြည်လို့ရအောင်လို့ ကျွန်မကြည့်ထားခဲ့ဖူးတဲ့ ထိုင်းစီးရီးတွေကို အမြည်းတင်ပေးထားတာ OST လည်း နားထောင်ကောင်းလို့....။
_________________________
Revolution will Prevail
မိုးငွေ့
No comments:
Post a Comment