#သေနတ်ကိုင်ဖို့နဲ့လူသတ်ဖို့ငြင်းဆန်ခဲ့တဲ့ စစ်သားတစ်ယောက်ဟာ
#အမြင့်ဆုံးသူရသတ္တိဆုကိုရရှိခဲ့တယ်ဆိုရင် ယုံကြမယ်မထင်ပါ။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာအမေရိကန်သမ္မတထရူးမင်းက တပ်ကြပ်ဒက်စမန်ဒေါ့စ်ကို အမေရိကန်စစ်တပ်ရဲ့ #အမြင့်ဆုံးသူရဲကောင်းဆုဖြစ်တဲ့ Medal of Honor ကိုကိုယ်တိုင်ချီးမြှင့်ခဲ့ပါတယ်။
🎖️ Medal of Honor ဟာ အင်မတန်ရဲစွမ်းသတ္တိရှိပြီး တိုက်ပွဲမှာလူအများကိုကယ်တင်ဖို့ကိုယ့်အသက်ကိုစွန့်လွှတ်ဖို့ လုံးဝဝန်မလေးတဲ့ သေရွာပြန်သူရဲကောင်းမျိုးကိုမှ ရှားရှားပါးပါပေးတဲ့ဆုတံဆိပ်ပါ။
#သူ့ထက်မြင့်တဲ့ဆုတံဆိပ်မရှိတော့ပါ။ မြန်မာပြည်မှာအောင်ဆန်းသူရိယလိုဆုမျိုးပါ။
ထူးခြားတာက တပ်ကြပ်ဒက်စမန်ဒေါ့စ်ဟာ စစ်သင်တန်းဆင်းကတည်းက သေနတ်ကိုလက်နဲ့ထိဖို့တောင် ငြင်းဆန်ခဲ့ပါတယ်။
သူဟာ Conscientious objector တစ်ယောက်ဖြစ်ပြီး Seventh-day Adventist ပရိုတက်စတန့်ခရစ်ရှန်ဘာသာဝင်တစ်ယောက်ပါ။
ဒုတိယကမ္ဘာစစ်ဖြစ်တော့သူဟာ သင်္ဘောကျင်းလုပ်သားမို့ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက်လိုအပ်တယ်လို့ယူဆပြီး မိမိဘာသာဗော်လန်တီယာလုပ်ကာ စစ်ထဲဝင်ဖို့စာရင်းသွားပေးပါတယ်။
စစ်တပ်ကိုစဝင်ကတည်းက သူဟာ Seventh-day Adventist ဖြစ်ကြောင်း၊ #သေနတ်မကိုင်နိုင်ကြောင်းနဲ့လူမသတ်နိုင်ကြောင်း၊ အမြဲသက်သတ်လွတ်စားကြောင်းနဲ့ စနေနေ့မှာအလုပ်မလုပ်ပဲဘုရားဝတ်ပြုကြောင်း ကြိုအသိပေးထားခဲ့ပါတယ်။
ဒါပေမယ့် စစ်သင်တန်းရောက်တဲ့အခါမှာ သေနတ်ပစ်သင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် တပ်ခွဲရဲ့ချဉ်ဖတ်အဖြစ်ဝိုင်းသမတာခံခဲ့ရပါတယ်။
သူ့ကိုအပြတ်ချွတ်ဖို့ တပ်ခွဲဗိုလ်ကြီးကကြိုးစားခဲ့ပါတယ်။ ညဘက်အိပ်နေတုန်းဝိုင်းဝန်းကန်ကျောက်ထိုးနှက်ကြတယ်။
သူ့ကိုအိမ်သာဆေးခိုင်းတာမျိုး၊ သူများထက်အလုပ်နှစ်ဆခိုင်းတာမျိုး၊ သူများတွေနားချိန်မှာပေးမနားတာမျိုး၊ အပြင်ပေးမထွက်တာမျိုး၊ သူဖတ်နေတဲ့ကျမ်းစာအုပ်ကိုလွှင့်ပစ်တာမျိုး၊ စော်ကာမော်ကားပြောတာမျိုးစတဲ့ ဒုက္ခမျိုးစုံနဲ့ ဝိုင်းဖိအားပေးခဲ့ပေမယ့် #သူကသူ့ယုံကြည်မှုကိုလုံးဝမစွန့်လွှတ်ခဲ့ပါဘူး။
မျက်နှာတစ်ခုလုံးယောင်ကိုင်းနေအောင် ဝိုင်းသမတာခံရပေမယ့် သူ့ကိုဘယ်သူတွေလုပ်သလဲဆိုတာ လုံးဝမဖော်ခဲ့ဘူး။
အားလုံးဘယ်လိုပဲလုပ်လုပ် ဒက်စမန်ဒေါ့စ်ဟာ သူ့ရဲ့ကျမ်းစာအုပ်နဲ့သူ့ယုံကြည်ချက်ကို #လုံးဝလက်မလွှတ်ခဲ့ပါဘူး။
မင်းသေနတ်မကိုင်ပဲရန်သူကိုဘယ်လိုလို့နိုင်မလဲလို့မေးတဲ့အခါမှာ သူ့မှာအဖြေမရှိဘူးတဲ့။ ဒါပေမယ့် #သူ့ကိုယ်သူတော့ယုံတယ်တဲ့။
နောက်ဆုံးတော့သူ့ဟာဆေးတပ်သားအဖြစ် တပ်မဟာ ၇၇ မှာပဲတာဝန်ပြန်လည်ထမ်းဆောင်ရပါတယ်။
အားလုံးကသူရဲဘောကြောင်တဲ့အကောင်လို့ ဝိုင်းစော်ကားခဲ့တဲ့ ဒက်စမန်ဒေါ့စ်ဟာ ၁၉၄၄ ခုနှစ် ဂူအမ်ကျွန်းနဲ့ ဖိလစ်ပိုင်တိုက်ပွဲတွေမှာ အစွမ်းပြတော့တာပဲ။
Purple Heart (၃) ကြိမ်ရတယ်။ Bronze Star Medal နှစ်ကြိမ်ရတယ်။ အပေါ်ကနေ သူရသတ္တိအတွက် 'V' device လေးပါတင်ပေးထားတယ်။ တဒိုင်းဒိုင်းပစ်နေတဲ့ကြားကနေ ဒဏ်ရာရသူတွေကိုရအောင်တက်ဆွဲလို့ရတာ။
တကယ်ပွဲကြီးပွဲကောင်းက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က မတ်ဆောက်နေတဲ့ Hacksaw Ridge ပေါ်ကဂျပန်စခန်းကိုတက်သိမ်းတဲ့ပွဲပဲ။
ဂျပန်ကလည်း သူ့မြေအိုကီနာဝါကျွန်းကိုအကျမခံနိုင်လို့ တက်မရတဲ့တောင်ပေါ်မှာခံတပ်အခိုင်အမာဆောက်ထားတယ်။
အဲ့ဒီ Hacksaw Ridge တိုက်ပွဲမှာ သူတို့တပ်ခွဲတစ်ခုလုံးအလွန်အထိနာပါတယ်။ အားလုံးတပ်ဆုတ်ပြီးပြန်ဆင်းသွားချိန်မှာ ဒက်စမန်ဒေါ့စ်ဟာ တောင်ပေါ်မှာကျန်ခဲ့ပြီး ဒဏ်ရာရတဲ့သူတွေ၊ မသေမရှင်ဖြစ်နေသူတွေကို တစ်ယောက်ခြင်းလိုက်ကောက်ပါတယ်။
ပြီးတော့တောင်စွန်းပေါ်ကနေအောက်ကိုကြိုးနဲ့ချပေးပါတယ်။ အဲ့လိုချပေးချိန်မှာတိုင်ကိုကန်ပြီး သူ့လက်တွေအပွန်းခံပြီးလူအလေးချိန်ကိုတောင့်ခံပြီးချပေးရတာပါ။
အဲ့ဒီမှာတောင်အောက်မှာဆေးလိပ်သောက်နေတဲ့ တပ်သားနှစ်ယောက်ကတွေ့သွားပြီး ချပေးတဲ့လူနာကိုဖြုတ်ယူကာယာယီဆေးရုံကိုပို့ပေးလိုက်ပါတယ်။
အဲ့လိုနဲ့ချချပေးရင်း တညလုံးမနားပဲ ဂျပန်တွေကိုပတ်ရှောင်ရင်း ရသမျှလူနာကိုတောင်စောင်းအထိထမ်းသွားကာ အောက်ကိုချချပေးသွားပါတယ်။ သွားရင်းနဲ့ ဂျပန်နဲ့တွေ့လည်းကယ်ချပေးတာ၊ ဆေးထည့်ပေးတာတွေလုပ်ပေးသွားပါတယ်။
သူကယ်တင်ပေးခဲ့တာ (၇၅) ယောက်လို့ပြောပေမယ့် တကယ်သူဆေးထည့်ပေးခဲ့တာ ၁၀၀ ကျော်ပါတယ်။
နောက်ဆုံးမှအောက်ကိုမဆင်းမဖြစ်လို့ ဆင်းပြေးခဲ့ရတာပါ။
အဲ့လိုတညလုံးအလောင်းပုံတွေထဲက ရှင်တဲ့သူရှိလိုရှိငြားလိုက်ရှာနေချိန်မှာ သူရေရွတ်တာက "အရှင်ဘုရား ... ကျေးဇူးပြုပြီးတစ်ယောက်လောက်ထပ်ပေးပါ။ တစ်ယောက်လောက်ပဲထပ်ပေးပါ" နဲ့ အားတင်းကာ တညလုံးရှာပြီး ကယ်သွားတာပါ။
Please Lord, help me get one more. Help me get one more!
လူသားဟာ မလုပ်နိုင်ဘူးထင်ပေမယ့်၊ တစ်ယောက်လေး၊ ခြေတစ်လှမ်းလေးနဲ့တိုးပြီး လုပ်သွားလို့ရပါတယ်။
Hacksaw Ridge ရုပ်ရှင်ရိုက်သူ မဲလ်ဂစ်ဘဆန်ရဲ့အပြောအရ Hacksaw Ridge တောင်ပေါ်မှာ ဒက်စမန်ဒေါ့စ်လုပ်ပေးခဲ့သမျှတွေကို လူတွေမယုံမှာစိုးလို့ အကုန်ထည့်မရိုက်ခဲ့ဘူးလို့ဆိုပါတယ်။
ဒက်စမန်ဒေါ့ဟာ စစ်သားတွေအတွက် အားကိုးရာ၊ ယုံကြည်အားထားရာဖြစ်လာခဲ့ပါတယ်။
နောက်တစ်နေ့ Hacksaw Ridge ကိုတက်ပြီးပြန်သိမ်းတော့ သူပါလိုက်ပေးဖို့တောင်းပန်ကြပါတယ်။
တချိန်ကသူ့ရဲ့ယုံကြည်မှုကိုပျက်ရယ်ပြုခဲ့သူတွေဟာ တိုက်ပွဲမစခင်မှာ သူဘုရားဝတ်ပြုဆုတောင်းနေတာကို အချိန်ပေးပြီးထိုင်စောင့်ခဲ့ကြပါတယ်။
ဒက်စမန်ဒေါ့စ်ဟာ အိုကီနာဝါကျွန်းပေါ်မှာ တိုက်ပွဲအတွင်းဒဏ်ရာလေးခါရခဲ့ပါတယ်။
နောက်ဆုံးတစ်ခါက သူ့လူတွေကိုကယ်ဖို့ ဂျပန်ကပစ်တဲ့လက်ပစ်ဗုံးကို ခြေထောက်နဲ့ကန်ထုတ်ဖို့ကြိုးစားရာက လက်ပစ်ဗုံးထပေါက်ပြီး သူ့ကိုယ်ခန္ဓာထဲကို ဗုံးစ (၁၇) စမှန်သွားခဲ့တာပါ။
ကိုယ်ကျိုးစွန့်ရင်း သေလောက်တဲ့ပေါက်ကွဲမှုမှာ အံ့ဩစရာကောင်းလောက်အောင်သူမသေခဲ့ပါဘူး။
လက်မောင်းကျိုးသွားခဲ့တာက ရုပ်ရှင်ထဲကလိုမဟုတ်ပဲ သူ့ကိုသယ်လာစဉ်မှာ ဂျပန်ကစနိုက်ပါနဲ့ပစ်တာခံခဲ့ရတာပါ။
သူ့ကိုအမြင့်ဆုံးသူရဲကောင်းဆုပေးရတာက တဒိုင်းဒိုင်းကျည်ဆန်တွေကြားနဲ့ မော်တာကျည်တွေတအုံးအုံးနဲ့ ကျရောက်ပေါက်ကွဲနေတဲ့ကြားထဲက ကိုယ့်တပ်သားတွေကို ကယ်တင်ခဲ့လို့ပါ။
သူ့ခြေထောက်နဲ့ကိုယ်လုံးမှာလက်ပစ်ဗုံးစ (၁၇) စစိုက်နေချိန်မှာ ဒဏ်ရာပြင်းထန်ပေမယ့်ဆေးတပ်သားကိုခေါ်ရင် ထိမှာစိုးလို့ သူ့ဟာသူဆေးထည့်ပြီး ၅ နာရီကြာစောင့်ပေးခဲ့ပါတယ်။
ဘဝမှာယုံကြည်မှုအရမ်းပြင်းထန်တဲ့အခါမှာ ထူးဆန်းစွာနဲ့ Will Power ရဲ့စွမ်းအားကိုရတတ်ပါတယ်။
ဒက်စမန်ဒေါ့စ်ဟာ လူသားဆန်စွာနဲ့ သေနတ်မကိုင်ပဲအပြောင်မြောက်ဆုံးသူရသတ္တိကိုပြသွားခဲ့ပါတယ်။ ရင်ဘတ်မှာဆုတွေတန်းစီနေတာပဲ။
ဘယ်လောက်ပဲတောင့်မခံနိုင်တော့သည်ဖြစ်စေ ဘယ်လောက်ပဲပင်ပန်းသည်ဖြစ်စေ ဒီတစ်ယောက်လေးတော့ငါရှာကယ်နိုင်ပါသေးတယ်၊ ဒီခြေလှမ်းတစ်လှမ်းတော့လှမ်းနိုင်ပါသေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကယ်သွားခဲ့တာပါ။
အခက်အခဲအကြပ်အတည်းကြားမှာ #လူသားတို့ရဲ့လူသားဆန်လိုစိတ်နဲ့ #တောင့်ခံနိုင်စွမ်းအားကို ဒက်စမန်ဒေါ့ကပြသွားတာဖြစ်ပါတယ်။💯💯💯
ကျနော်တို့တစ်ရက်တော့တောင့်ခံနိုင်တာသေချာသေးတယ်။💯
ကျနော်တို့ ဒီတစ်တောင်တော့ကျော်နိုင်သေးတယ်။
ကျနော်တို့မှာပြင်းထန်တဲ့ယုံကြည်စိတ်မျိုးရှိဖို့ပဲလိုပါတယ်။
ဘုရားသခင်ဟာဇွဲသတ္တိရှိသူတွေကို ကြီးမားတဲ့ဆုလဒ်တွေပေးသနားစမြဲပါ။💯
Crd
အခု ကျွန်မတို့နိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ ပြောင်းပြန်အချိုးကျသောပို့စ်တစ်ပုဒ်.....
_______________________
Revolution will Prevail
မိုးငွေ့
No comments:
Post a Comment