လူတွေလဲ ခုတလော စိတ်ဖိစီးမှုတော်တော်များပါတယ် သွားရေး လာရေး စားရေး နေရေး အသက်ရှင်သန်ဖို့အရေးကို တစ်နေ့တစ်နေ့စဉ်းစားရ ရှာဖွေရ စုဆောင်းရ ငတ်တဲ့သူတွေလဲငတ် ဘယ်သူဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဆိုပြီး နှပ်တဲ့သူတွေလဲနှပ်နေကြတာပဲ ကမ်းခြေတို့ဘာတို့သွားပြီး ကိုးဗစ်-၁၉ တွေကိုတောင်ဖြန့်လိုက်ကြသေးရဲ့ ......။
ကျွန်မလည်း လူတွေထဲက လူတစ်ယောက်မို့ အဲဒီဖိစီးမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖျောက်ရတယ် ကိုယ့်တစ်နေ့တာ အချိန်ဇယားနဲ့ကိုယ်နေတယ် လုပ်စရာရှိတာလုပ်တယ် စိတ်ခွန်အားအတွက် စာအုပ်နဲ့ဂီတကသာ အားဆေးမို့ သီချင်းတွေနားထောင်ရင်း အိမ်အလုပ်လုပ်တယ်....။ စာဖတ်ဖို့အချိန်ပေးတယ်....။ ခုချိန်မှာ စိတ်ကိုအားဆေးကျွေးဖို့လိုတယ်မဟုတ်လား....။
ကျွန်မ Joox ကနေပြီး The Zero အဖွဲ့ရဲ့ "ထာဝရတခဏ" သီချင်းလေးကို နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ သူ့သံစဉ်လေးက မြူးမြူးလေးနဲ့ စိတ်ခွန်အားတစ်ခုခုတော့ရတယ်လို့ခံစားရတယ် စိတ်ပျော်တယ်ကွာ သိတယ်မဟုတ်လား....။ အဲဒါ နားထောင်ကြည့်ကြည့် ကောင်းတယ်ဆိုတာ လာပြောတာ....။
ကျန်းမာရေးဂရုစိုက်ကြပါ အပြင်ထွက်ရင် Mask တပ်ပါ လက်မကြာခဏဆေးပေးပါ လူအုပ်များတဲ့နေရာရှောင်ပါ....။ လူအုပ်တော့ရှောင်နိုင်ကြသေးမယ်မထင်ဘူး ခုရန်ကုန်မှာ ဘဏ်ထဲကကိုယ့်ပိုက်ဆံပြန်ထုတ်ဖို့အရေး မိုးမလင်းခင်ကတည်းက ကြိုးပမ်းနေကြရတာမို့ နေပူ မိုးရွာမရှောင် တိုးကြိတ်နေကြရတော့ကာ.....။ ဂရုစိုက်ကြပါလို့ပဲ ထပ်မှာချင်ပါတယ်....။
Revolution will previal...💪💪💪
မိုးငွေ့
Announce 📣📣📣 ပြီးခဲ့တဲ့ Feb 1 နေ့ကတင်ထားတဲ့ စာဖတ်သူတွေကို giveaway ပေးရမယ့်သူလေးယောက်ကော်မန့်မှာတွေ့ပါတယ် ...။ နှစ်ယောက်ကတော့ ကျွန်မအီးမေးလ်ကို လိပ်စာတွေပို့ပေးထားခဲ့ပါတယ်...။ ကျန်တဲ့နှစ်ယောက် ( ညီမ San San Nwe နဲ့ San Htar Khine) ကျေးဇူးပြုပြီး ကျွန်မဆီကို (coralnyo@gmail.com) လိပ်စာအပြည့်အစုံနဲ့ဖုန်းနံပါတ်လေးပို့ပေးပါနော် ...။ ဒီရက်ပိုင်း ကျွန်မ စာအုပ်တွေကိုသွားဝယ်ပြီး ပို့ပေးမလို့ပါ ....။ ကျွန်မဘလော့ကို အမြဲလာဖတ်ပြီး အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ....💖💖💖
No comments:
Post a Comment