Food Truck လေးတစ်ခုမိတ်ဆက်ပေးပါရစေ.....။ မြန်မာပြည်ကတော့မဟုတ်ဘူး....။ United State, Kansas ပြည်နယ်ကပါ ....။ ဖေ့ဘုတ်နဲ့ ဆိုင်လိပ်စာအပြည့်အစုံအောက်မှာတင်ပေးထားတယ်....။ မီနူးတွေနဲ့ဈေးနှုန်းတွေကိုလည်းအသေးစိပ်ပုံတွေတင်ပေးထားပါတယ်...။ facebook မှာရှာရင် ဆူမိုအရုပ်အစိမ်းရောင်နဲ့ပါ....။ ကျွန်မကတော့ သူ့ ဆူရှီရိုးလ်နဲ့ ခေါက်ဆွဲကြော်တွေကိုကြည့်ပြီး စားချင်နေတာ....။ ဆိုင်ရှင်က ကျွန်မတို့ တခါက ဘလော့ဂါ ကဗျာဆရာ ကိုဖြိုးမောင်မောင်ပါ....။ ဖြိုးကိုတော့ပြောထားတာ ပြန်လာရင် ဒီမီနူးတွေအကုန်ချက်ကျွေးရမယ်လို့...:)
ကျွန်မဘလော့လာဖတ်တဲ့သူတွေ Kansas မှာနေတဲ့သူတွေရှိကောင်းရှိနိုင်မယ် အဲဒါ ဆူမိုဆူရှီဆိုင်လေးကို အားပေးပါလို့ ကြော်ငြာခမရဘူးနော် ဒီတိုင်းမိတ်ဆက်ပေးတာ....။ ဗိုက်ဆာလာပြီ အိမ်ပြန်ထမင်းစားလိုက်ဦးမယ်....။ ဒီနေ့က သက်သတ်လွတ်စားတယ်....။ ဒီပို့စ်တင်ရင်း စားချင်စိတ်တွေဖြစ်လာလို့ ဘရိတ်အုပ်ထားရ...။
ခေါက်ဆွဲကိုအဲလိုစိုစိုလေးကြော်တာ သိပ်ကြိုက်တယ်
Oh!!!!! စားချင်စရာလေးတွေ ဗိုက်တောင်ဆာလာတယ် ကြည့်ပြီး
မိုးငွေ့
2 comments:
thank you sis :) love reading ur blog too .
Thank you thank you sis Khine :)
Post a Comment