နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
လူတိုင်းသိသင့်သော သုခ( ၄ )မျိုး
🙏🙏🙏🙏🙏🙏🙏🙏
၁။ အတ္ထိ သုခ
လူတွေ မျှော်လင့်ချက်အတိုင်း
အောင်မြင်လာလို့
ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ” ရှိ ချမ်းသာတဲ့။
“ရှိ” ချမ်းသာဆိုတာ
ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေ ရှိတယ်။
စိန်ရွှေ ရတနာတွေ ရှိတယ်။
လူ့ဘ၀ လိုအပ်တာမှန်သမျှ
ကိုယ့်မှာ ပြည့်ပြည့်စုံစုံ ရှိတာကို
အကြောင်းပြု ပြီးတော့
“သုခေသာမနဿ”
ကိုယ်ချမ်းသာမှု၊
စိတ်ချမ်းသာမှုတွေ ရကြတယ်။
ဒါကို မြတ်စွာဘုရားက ”အတ္ထိသုခ”
ရှိလို့ ရတဲ့ ချမ်းသာမျိုးတဲ့။
အေး… ရှိလို့ ရတဲ့ ချမ်းသာက
ရှိတုန်းပဲ ချမ်းသာနိုင်တာ၊
မရှိတော့ဘူးဆိုရင်
ချမ်းသာသုခ ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့် တည်မြဲတဲ့
ချမ်းသာသုခတော့ မဟုတ်ဘူး။
ရှိနေတုန်းမှာ ခံစားရတဲ့ သုခမျိုးပဲ။
၂။ ဘောဂ သုခ
အသုံးပြုရတဲ့ ချမ်းသာ။
အသုံးပြုရလို့ ဖြစ်ပေါ်လာတဲ့ ချမ်းသာကို
“ဘောဂသုခ” လို့ ခေါ်တယ်။
တိုက်ရှိလို့ တိုက်နဲ့ နေရတယ်။
ကားရှိလို့ ကားစီးရတယ်။
မိမိလိုအင်ဆန္ဒတွေ ဖြည့်တင်းလို့၊
ပစ္စည်းတွေ သုံးစွဲလို့
စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုတွေဟာ
“ဘောဂသုခ” လို့ ခေါ်တယ်။
ရလာတဲ့ပစ္စည်းဥစ္စာကို သုံးစွဲခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ချမ်းသာတဲ့။
ကျန်းမာရေးကြောင့်လည်းကောင်း၊
အခြေအနေတစ်မျိုးမျိုးကြောင့်လည်းကောင်း၊
အခြေအနေမပေးသောကြောင့်လည်းကောင်း
မသုံးစွဲရဘူးဆိုရင်
ဒီချမ်းသာသုခဟာလည်း အလွယ်တကူနဲ့
ဆုံးရှုံးသွားတဲ့ ချမ်းသာသုခမျိုး ဖြစ်တယ်။
ဒါကြောင့်မို့… ဒီ“ဘောဂသုခ”လည်း
ခိုင်မာတဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
၃။ အာနဏ်သုခ
လူတိုင်းလူတိုင်းဟာ အဆင်မပြေလို့ ဖြစ်စေ၊
စီးပွားရေး တိုးချဲ့လို့ ဖြစ်စေ
ကြွေးတင်နေတတ်တာတွေ ရှိတယ်။
ကြွေးရှိနေတဲ့ပုဂ္ဂိုလ်ဟာ ကြွေးအပေါ်မှာ
အမြဲတမ်း စိတ်ပူပင်ရတယ်။
အေး… သူများဆီက
ကြွေးမရှိတဲ့ ပုဂ္ဂိုလ်ကျတော့
“အာနဏ်သုခ” လို့ ခေါ်တဲ့
ကြွေးကင်းတဲ့ ချမ်းသာခံစားရတယ်။
ကြွေးမရှိတဲ့အတွက်ကြောင့်
နားချင်တဲ့အခါ နားမယ်။
သွားချင်တဲ့အခါ သွားမယ်။
သို့သော် ဒီချမ်းသာတွေဟာ
တစ်စုံတစ်ခုသော
အတိုင်းအတာအပေါ်မှာ
မှီပြီးတော့ ရလာတဲ့
ချမ်းသာတွေဖြစ်သည့်အတွက်
အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
၄။ အန၀ဇ္ဇ သုခ
နောက်ဆုံး တကယ့်ချမ်းသာဆိုတာ
“အန၀ဇ္ဇသုခ” အပြစ်မဲ့ချမ်းသာဟာ
အချမ်းသာဆုံးပဲ။
ကိုယ့်အနေနဲ့ ကာယကံအပြစ်မျိုး၊
၀စီကံအပြစ်မျိုး၊ မနောကံအပြစ်မျိုး
ဘယ်ဘက်က လှည့်ကြည့်ကြည့်
ပြစ်မှု့တစ်ခု ကျူးးလွန်ထားတာ
မရှိဘူးဆိုလို့ရှိရင်… အဲဒီပုဂ္ဂိုလ်ရရှိတဲ့
အပြစ်ကင်းစင် ပျော်ရွှင်ရတဲ့ ချမ်းသာဟာ
“ရှိချမ်းသာတို့၊ စားသုံးရတဲ့ချမ်းသာတို့၊
ကြွေးကင်းတဲ့ချမ်းသာတို့” ထက်
ပိုပြီးတော့ကောင်းတဲ့ ချမ်းသာတစ်ခုလို့
မြတ်ဗုဒ္ဓက ဟောကြားထားပါတယ်။
အေး… အခါအားလျော်စွာ
ချမ်းသာသုခတွေ ရကြတယ်။
အဲဒီ ချမ်းသာသုခတွေထဲက
အပြစ်မဲ့ချမ်းသာကိုတော့
လူတိုင်းလူတိုင်း ရကြတာ မဟုတ်ဘူး။
အပြစ်မဲ့ချမ်းသာဟာ
ဒီချမ်းသာ ၄ မျိုးထဲမှာတော့
အကောင်းဆုံးသော ချမ်းသာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင်
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း
“အန၀ဇ္ဇသုခ” လို့ ခေါ်တဲ့
အပြစ်မဲ့ချမ်းသာမျိုးကို
ပိုင်ဆိုင်ခံစားနိုင်ကြပြီး
ကောင်းသထက်ကောင်းအောင်
ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း.....။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏
#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏 🙏 🙏 🙏 🙏🙏
No comments:
Post a Comment