Friday, 14 May 2021

ငါ.....






ကိုမျိုးကျော့ စာသားတွေက ကျွန်မနဲ့တော်တော်ဆင်တူလို့ ဒီသီချင်းလေးကိုကြိုက်မိတာ....။ ညဖက် အိပ်မပျော်ရင် ဒီသီချင်းလေးနားထောင်ဖြစ်တယ်....။ တိတ်ဆိတ်တဲ့ညအမှောင်ထဲမှာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ တကယ်ဖီးလ်လို့ကောင်းတယ်....။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်ကိုကြားရခြင်းဟာလည်း (ကုသိုလ်ဝိပတ်စိတ်ထဲမှာပါတဲ့  ဉပေက္ခာသဟဂတ သောတဝိဉာဏစိတ်) ရှေးဘဝကုသိုလ်ကံနဲ့ဆိုင်ပါတယ်...။ ဖတ်မှတ်လေ့လာနေဆဲ အဘိဓမ္မာကို ယူသုံးကြည့်တာ တကယ်တော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ အဘိဓမ္မာက လူ့ခန္ဓာကိုယ်မှာတင်အကုန်ရှိနေတာ....။ တရားသဘောနဲ့ကြည့်ရင်တော့ ငါစွဲ စွဲတာတော့မကောင်းဘူးပေါ့...။

ငါ....... သီချင်းတစ်ပုဒ်ကို သူများထက်ပို ခံစားတတ်သလို🎵♬
ငါ....... စကားလုံးတိုင်းကို နူးညံ့စွာ တန်ဖိုးထားတယ်🎵♬
ငါ....... စကားတစ်ခွန်းကို အကောင်းဖက်သာ မှတ်ထားတတ်သလို🎵♬
ငါ....... သူများစိတ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတတ်တယ်🎵♬
ငါ...... ကြေကွဲကြတယ် ဝတ္ထုတွေ မနှစ်သက်သလို🎵♬
ငါ...... ကြည်နူးရတယ် ဇာတ်သိမ်းပိုင်းမှာ ပီတိဖြစ်တယ်🎵♬
ငါ......သူများသွားတဲ့ လမ်းများကို သိပ်မသွားတတ်သလို🎵♬
ငါ......သူများ ကဲ့ရဲ့ အပြစ်များနဲ့သူရှာချစ်တတ်တယ်🎵♬


Revolution Will Prevail ......
မိုးငွေ့

1 comment:

Unknown said...

Beautiful 🌹