Tuesday, 4 May 2021

အက်ကြောင်း.....



ထုထည်ကြီးမားလွန်ရင် အရှိန်ယူရတာကြာတယ်😇

ငယ်ငယ်တုန်းက ရုပ်ရှင်တစ်ကားကြည့်ဖူးတယ်.....။

ဒုတိယကမ္ဘာစစ်မှာ နာဇီဖက်က ရေကာတာကြီးတစ်ခုကို မဟာမိတ်တပ်က သွားဖောက်ခွဲတာ... 

မိုင်းတွေအများကြီးကပ်ပြီးဖောက်ခွဲတာ ...ဆယ်ကြီးက မဖြုံဘူး ဘာမှမဖြစ်သလိုပဲ နောက်ထပ်ခွဲစရာမိုင်းလည်းမပါတော့ဘူး...။

ဒါနဲ့ ဆရာတပည့်တွေအရမ်းစိတ်ဓါတ်ကျသွားပြီး စိတ်ပျက်လက်ပျက်နဲ့ နားနေကြတယ် ...။

ဒါပေမဲ့ မိုင်းခွဲတဲ့အသံကတော့ အရမ်းကျယ်ပြီး ဆယ်ကြီးတုံခါသွားတာကတော့ တော်တော်နဲ့မရပ်ဖူး...။

တော်တော်ကြီးကြာမှာတချို့နေရာတွေမှာအက်ကြောင်းတွေစ ဖြစ်လာပြီးရေတွေယိုလာတယ် နောက်တော့ ဆည်ထဲကရေတွေ အားနဲ့ထွက်လာပြီးပြိုသွားရော .....။

သူတို့တောင်မနဲ လွတ်အောင်ပြေးယူရတယ် ...။

ခုလည်း နှစ်ပေါင်း၇၀ တည်ဆောက်ထားတဲ့ ထုထည်ကြီးက နဲနဲခြင်း စ အက်လာပြီ စိမ့်လာပြီ မကြာခင်ပြိုကျတော့မှာ သေချာပါတယ် ဆိုတဲ့ကြောင်းလေး ပြောပြတာ... ...။

အရေးတော်ပုံအောင်တော့မည်...။

#Credit


No comments: