Wednesday, 11 December 2013

ပဲသိပ်နှမ်းသိပ်မုန့်.....


ငယ်ငယ်တုန်းက တရုတ်တန်းဖက်မှာ တရုတ်မအဒေါ်ကြီးတစ်ယောက်တောင်းလေးနဲ့လိုက်ရောင်းတာ ၀ယ်စားဖူးတယ် မွှာကြီးလို့ခေါ်တယ်...။ အခုခေတ်တော့ ပဲသိပ်နှမ်းသိပ်မုန့်လို့ခေါ်ကြတယ် မွှာကြီးဆို သိပ်မသိကြတော့ဘူး...။ ခုနောက်ပိုင်း အဲဒီအဒေါ်ကြီးမရောင်းတော့ ဘယ်သူမှလုပ်ရောင်းတာ သိပ်မတွေ့တော့ဘူး...။ အဲဒါမစားရတာကြာပြီ ၀ယ်စားမရတော့ ကိုယ့်ဘာသာကိုယ် လုပ်စားကြည့်လိုက်တယ်...။


 ကောက်ညှင်းမှုန့်နဲ့ ဆန်ကြမ်းမှုန့် သုံးချိုးတစ်ချိုးရောစပ်ပြီး ကိုယ်လိုချင်တဲ့အရောင်လေးဆိုးလို့ရပါတယ်...။ ရောင်းတန်းမုန့်ကတော့ အဖြူရောင်ပါပဲ...။

 
 cutter လေးဝယ်ထားတော့ ပုံဖော်လိုက်တယ် လိပ်ပြာ အိန်ဂျယ် ပင်ကွင်း ကြောင် ယုံနဲ့ ၀က်ဝံရုပ်လေးတွေ

 ဆန်မှုန့်ဖြစ်လို့ ဂျုံမုန့်သားလို ကာတာနဲ့ဖြတ်ရတာမလွယ်ဘူး မုန့်သားတွေက အနားခြောက်တာမြန်တယ်..

 ရေဆူဆူအိုးထဲကိုထည့်ပြုတ် ပေါလောပေါ်လာတာနဲ့ဆယ်ပြီး ရေအေးခဏစိမ်ထားရတယ်...ပြီးမှ ဇကာနဲ့စစ်ထား

 ပြီးတာနဲ့ ဆားနဲနဲနဲ့ သကြားရောထားတဲ့ မြေပဲနှမ်းထောင်းထားထဲကို မုန့်လေးကပ်ပေး

စားမယ်ဆိုမှ မြေပဲနှမ်းကပ်ပေးနော် မဟုတ်ရင် မြေပဲတွေကပျော့ကုန်ရော

မိုးငွေ့

3 comments:

မောင်သီဟ said...

း) အစုံလုပ်နေတာပဲ ဒေါ်ငွက်ရယ်
ပဲယိုကတော့ သွားရည်ယိုစရာပေါ့

fredfromnyc said...

မစားရတာတောင် အရမ်းကြာပြီ။ လုပ်စားကြည့်မယ်။ မုန့်လုပ်နည်းအတွက် ကျေးဇူးပါ။

TTW

စံပယ်ချို said...

မစားဖူးဘူးသာမီးရေ
စားကြည့်ချင်တယ် လုပ်တတ်ဖူး