
ကိုယ်....။ ။ မင်္ဂလာပါ........သတိရလို့နှုတ်ဆက်လိုက်တာပါ..:)
အိန်ဂျယ်....။ ။ ဟုတ်ကဲ့ မကြီး
ကိုယ်....။ ။ :) ကျေးဇူး
အိန်ဂျယ်....။ ။ အလုပ်ရှိလို့နော် နောက်မှ ပြောမယ် မကြီး.....BYE
အိန်ဂျယ်....။ ။ GOD BLESS U
ကိုယ်....။ ။ thks...
ဖဘမှာ တခဏလေးဆုံဖြစ်တုန်းနှုတ်ဆက်ရတာပါ....။ အကြောင်းသိဘော်ဘော်တစ်ယောက်ကမေးတယ် အိန်ဂျယ်နဲ့ဆုံတော့ ပျော်နေတာပေါ့နော်တဲ့..။ အစပိုင်းပျော် အလွမ်းနဲ့ဆုံးပေါ့ကွယ် လို့ဖြေလိုက်တော့ သူကသဘောကျသွားတယ်...။ ဟုတ်တယ်လေ ဒါက အိန်ဂျယ်ရဲ့ သီအိုရီဖြစ်နေပြီ...။ ကိုယ့်ကို အပျော်လေးတွေသယ်ဆောင်လာပေးတယ် ပြီးတော့ အလွမ်းတွေထားခဲ့ပြီး ပြန်ထွက်သွားတယ်...။
အိန်ဂျယ့်စီးရီးတွဲ ဘယ်တော့ပြီးဆုံးမလဲတဲ့...။ အိန်ဂျယ်ကိုယ်နဲ့လိုက်ပါသရွေ့ပေါ့...။ ဟင့်အင်းမဟုတ်သေးဘူး ထင်တယ်...။ အိန်ဂျယ်က ကိုယ်နဲ့လိုက်ပါသူဟုတ်နိုင်ပါ့မလား.... ကိုယ်ကသာ အိန်ဂျယ့်အပါးက လိုက်ပါသူ ဖြစ်မယ်ထင်တယ်...။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့...
အိန်ဂျယ်က ကိုယ်ရေးတဲ့စာစုလေးတွေကို တိတ်တဆိတ်လာဖတ်ပြီး လိုက်ပါစီးမျောသူ..... ကိုယ်ကတော့ ကိုယ့်စိတ်ဝိညာဉ်တွေကို အိန်ဂျယ့်အနားစေပါး လွင့်မျောသူ။
အဆင်ပြေပါစေ အိန်ဂျယ် အစစ အရာရာအတွက်ပေါ့...။
မိုးငွေ့
7 comments:
ခု စာစုလေးကိုလည်း အိန်ဂျယ် တိတ်တိတ်လေးလာဖတ်ပြီးရောပေါ့ နော်..
အဆင်ပြေပါစေ အိန်ဂျယ် ထပ်ဆုတောင်းပေးလိုက်တယ်
အင်း-----မပြီးဆုံးတဲ့ အိန်ဂျယ်ပေါ့နော်
တိတ်တိတ်လေးပြန်ခဲ့ပါတယ်
မမိုးရဲ့ အိန်ဂျယ်လေးအကြောင်းဖတ်တိုင်း လွမ်းလွမ်းနင့်နင့်ကြီး ဖြစ်ရတယ်။ တိတ်တဆိတ်ခြေရာလေးတွေထဲကနေ ရှင်သန်နိုးထနိုင်ကြရင်ဖြင့်.....
ချစ်တဲ့
သဒ္ဓါ
မမမိုးငွေ့ကတော့ စိတ်တွေ အမြဲလတ်ဆတ်နေတာ.. အိန်ဂျယ်ကြောင့်လေ..
ပျော်ရွှင်ပါစေမမ
tks လို့ပြောမဲ့အစား Mwahh လို့
ပြောလိုက်တာမဟုတ်ဘူးမကြီးမိုးငွေ့ကလည်း
အဲ့လို ခံစားချက်မျိုးကိုတစ်ချိန်တုန်းကခံစားဖူးတယ်..ခုတော့ လွင့်သွားပြီ.. ဟိုး အဝေးကြီးပဲ.. ..
Post a Comment