Happy Birthday!!!!!!! တဲ့...
ကိုယ့်ဆီကို ရောက်လာတဲ့ မင်းရဲ့ မွေးနေ့ wish လေး....။ ခေါင်းစဉ်လေးမှာပဲ အဲဒါရေးထားတာ စာကိုယ်ထည်မှာ ဘာစာတစ်လုံးမှ ရေးမထားဘူး....။ အဲဒီဗလာဖြစ်နေတဲ့ကွက်လပ်ကြီးမှာ ကိုယ်လိုရာကို ရေးချလို့ရတာပေါ့နော်...။
“----------------”
ကဲ....အဲလိုလေး ကိုယ်ရေးလိုက်မယ်....မင်းဘာပြောချင်သေးလဲ......
အမှန်တော့.....မင်းရင်ထဲ က ခံစားချက်တစ်စုံတစ်ရာကို ရေးချမထားဘဲ.... မင်းလုပ်နေကျအတိုင်း ကိုယ်ယောင်ဖျောက်ထားခဲ့တာ....။ မင်းပြောသလိုပေါ့ ကိုယ်က မင်းရဲ့နတ်သမီးလေးဆိုတော့ နတ်သမီး တန်ခိုးနဲ့ အဲဒီစာတွေကိုဖတ်ရမယ်ပေါ့ ဟုတ်လား.....။
သေချာတာတော့ အဲဒီဗလာသက်သက် အဖြူရောင်တွေထဲမှာ.... ကိုယ့်ကြိုက်နှစ်သက်တဲ့ ကော်ဖီတစ်ခွက်ပါမယ်... သံစဉ်လှလှကလေးတွေပါမယ်.... အပြုံးကြည်ကြည်လေးတွေပါမယ်...... စကားပန်းပွင့်လေးတွေပါမယ်...... ကြယ်ကလေးတွေပါမယ်.....လမင်းကြီးပါမယ်.....လေပြေတွေပါမယ်.......
တလက်လက်လင်းနေမယ့် ပိုးစုန်းကြူးကလေးတွေပါမယ်.....တေးသီငှက်ကလေးတွေပါမယ်.... စကားလုံးတွေ ဖောင်ဖွဲ့ပြောနေတတ်တဲ့ မင်းအသံလေးတွေပါလိမ့်မယ်လို့ ကိုယ်ပြောပြစရာမလိုတော့ပါဘူး...။
မိုးငွေ့

7 comments:
သေချာတာကတော့ ဗလာဖြစ်နေပေမယ့် ချစ်ခြင်းမေတ္တာတော့ပါမှာပါ
သတိတရwishလုပ်ပေးတာကိုပဲ ကျေနပ်ရမှာပေါ့လေ..
စာကိုယ်မှာ ဗလာပေမယ့် ဗလာဟုတ်မနေဘူးဆိုတာ မိုးငွေ့တစ်ယောက်သာ သိစေဖို့ ရည်ရွယ်ပုံရတယ်..
မိုးငွေ့ရဲ့ ကဗျာဆရာကိုလည်း မတွေ့တာကြာပြီနော်..
ချစ်တဲ့
ဝသုန်
ဖတ်ပြီးတော့ တခုခုလုပ်ချင်မိတယ်
အပြင်မှာတွေ့တဲ့အခါ ကော်ဖီခါးခါးလေးတစ်ခွက်စီကို
တူတူသောက်ချင်တယ်
ဟိုက်ရှားးး
လန်းတယ်
း) အိမ်ဂျယ်ဆိုတဲ့စာသားမပါပါ့လားး)
မောင်ဘကြိုင်
ဗလာပေမယ့် သံယောဇဉ်တွေကတော့ ဗလာဖြစ်မနေခဲ့ဘူး...
ရေးသားမဲ့စာသားထက် ရင်တွင်းစကားတွေက များနေတာပါ၊မယုံရင် ကိုချစ်သူမွေးနေ့မှာပို့ကြည့်လိုက်ပါ၊
အမှန်စကားတွေက ရင်ထဲပဲရှိနေပီး စားချရေးဖို့ မတတ်တော့ပါ။ကိုလဲ ဒီလိုပဲ ခံစားတတ်လာပီ။
Post a Comment