Friday, 20 November 2009

အေဘီသွေးအလှူရှင် အားချင်းအကူညီလိုနေလို့ပါ

အလှူရှင်ကို ရှာတွေ့ဖို့တွက် တတ်နိုင်သမျှ ကုသိုလ် ယူလိုက်တဲ့ သဘောပါ please forward this news to your friends အမြန်ဆုံး အကောင်းဆုံးကူညီပေးမယ်လို့မျှော်လင့်ပါတယ်... အေဘီသွေးဖြစ်တဲ့အတွက်အရမ်းကိုရှားနေလို့ပါ.. သင့်သွေးတစက်ဖြင့်အသက်ကယ်ပါ...(သွေးလှူဒါန်းခြင်းဖြင့်ကုသိုလ် ယူပေးကြပါ) We need a blood donor urgently. The blood type is AB. the one who suffering from leukemia is Kit Kit (11 yr old) if you found one .. pls contact Ma Aye Aye Myint (mother) ( 01-586672 ). တကယ်ကိုလိုအပ်နေလို့ပါခင်ဗျ ကူညီပေးကြပါအုံးဗျာနော်
ကျမ သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ဝင်လာလို့ အကူအညီတောင်းတာပါ...။ နီးစပ်ရာ ဘလောက်မောင်နှမများ အေဘီသွေးပိုင်ရှင်များ အသိရှိရင် ဒါမဟုတ် ကိုယ်တိုင်လှူချင်ရင် အထက်ပါ ဖုန်းနံပါတ်ကို အမြန်ဆုံးဆက်သွယ် ပေးစေလိုပါတယ်...။ ကျေးဇူးတင်ပါတယ်...။

3 comments:

အနှိုင်းမဲ့ said...

AB ဆိုပေမယ့်..ကလေးရဲ့သွေးက
- (or) + လားဆိုတာကိုဖုန်းဆက်ပြီး
လှန်းမေးနေပါတယ်...အမရေ
အလှူရှင်ကိုတွေ့ပြီလေ.. :)

အနှိုင်းမဲ့ said...

အမရေ....
စိတ်မကောင်းပါဘူးဗျာ...
ကလေးကဆုံးသွားပြီတဲ့...။
မနေ့ညနေ 5နာ၇ီလောက်မှတဲ့ဗျာ..
လှူတဲ့သူတွေတော့လာပါတယ်တဲ့..ဒါပေမယ့်
ကလေးရောဂါကအရမ်းကျွမ်းနေလို့..
သူ့အသက်ကိုမမီလိုက်တာပါတဲ့ဗျာ...
သူ့အိမ်သားတွေကိုဖုန်းထဲကနေပဲ
လှမ်းနှစ်သိမ့်လိုက်ပါတယ်။
လှူမယ်ဆိုတဲ့စိတ်ကလေးအထမြှောက်သွားအောင်တော့
ဒီနေ့ အရေးပေါ်ကင်ဆာဝဒ်ကို သွားရောက်လှူဒါန်းမှာ
ဖြစ်ပါတယ်ဗျာ...

Cameron said...

စိတ်မကောင်းလိုက်တာ အမအကူညီမထမြောက်လိုက်ဘူး
အမဘလောက်ကနေသိရလို့ ခုလို ပရဟိတစိတ်ကလေးတွေ ပွားပေးနိုင်တာကိုပဲ ၀မ်းသာမိပါတယ်....။ ဘာပဲဖြစ်ဖြစ် ဂုဏ်ယူမိပါတယ် ညီမလေးရေ...။