Friday, 20 November 2009

အဖြူရောင်နတ်သမီး

ဖန်ဆင်းတတ်မြောက်ခြင်းနဲ့ အရောင်တွေမရှိခြင်း ဖြူစင်သောအမည်နာမတစ်ခုနဲ့ အေးချမ်းစွာရောက်ရှိလာတဲ့... အဖြူရောင် နတ်သမီး အမည်လေးက ဖြူစင်ရိုးစင်းလွန်းပေမယ့် အရောင်သွေးစုံတဲ့ အနုပညာတစ်ချို့ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့တဲ့ အဖြူရောင်နတ်သမီး လောကဓံအလယ် ကြုံလာသမျှအခက်ခဲတိုင်း တစ်ကိုယ်တည်းသာ လျှောက်လှမ်းရင်းနဲ့ ရင်ဆိုင်အံတု ထိုးခွင်းလှဲမယ့် အဖြူရောင် နတ်သမီး ကဗျာကိုချစ်တဲ့ နှလုံးသား စာပေကို ခံစားတတ်တဲ့ အဖြူရောင်နှလုံးသားတစ်စုံ '' အတွက် '' မင်းကိုယ်ပိုင်ဖန်ဆင်းထားတဲ့ ထက်မြတ်တဲ့ အတောင်ပံတစ်စုံနဲ့ နောက်နှစ်များစွာတိုင်အောင် မင်းချစ်တဲ့(မသေဆုံးနိုင်တဲ့) ကဗျာတွေများစွာ...များစွာကို အသက်သွင်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်..။
နတ်သမီးရေ...လိုင်းမရလို့ တစ်ရက်နောက်ကျသွားတယ် ခွင့်လွှတ်ပါနော်....။ တကယ်တော့ ဒီကဗျာက မိုးငွေ့ကိုယ်တိုင် ရေးတာမဟုတ်ပါဘူး...အမည်မဖော်လိုသူ ကဗျာဆရာတစ်ဦးက နတ်သမီးအတွက် ရေးပေးလိုက်တာပါ...။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.....။

1 comment:

အဖြူရောင်နတ်သမီး said...

“မိုးရေ”...
ပျော်နေတယ် သိလား ...
ကဗျာတပုဒ် ထပ်ရလို့လေ...
အမည်မဖော်လိုသူ ကဗျာဆရာလေးကိုရော..
ချစ်ရတဲ့ “မိုး”ကိုရော...
ကျေးဇူးအများကြီးတင်ပါတယ်ရှင်...
ကဗျာလေးကို သိမ်းထားလိုက်မယ်နော်...
mail လေးနဲ့လည်းပို့ထားပေးနော်...
နာမည်လေးနဲ့တွဲပြီး သိမ်းထားချင်လို့ပါ...
အာဘွား....