Thursday, 12 November 2009

မိုးစက်တွေရိပ်သိမ်းလို့ နှင်းမှုန်တွေပျိုးကျဲတော့မယ်

အချိန်ကာလတွေ ရွေ့လျားရင်း မင်းပြောတဲ့ တ၀က်တပြတ်နဲ့ မပြီးဆုံးသေးတဲ့ပုံပြင်ဟာ ငါ့အလွမ်းကို ရှင်သန်စေတယ် ရှေ့ဆက်မရတဲ့ ငါ့အိပ်မက်တွေ မင်းခိုးယူသွားတဲ့ ငါ့နေ့ရက်တွေ ရူးလောက်အောင်လွမ်းတတ်တဲ့ ကောင်မလေး...တစ်ယောက်အကြောင်း ပုံပြင်လေးတစ်ပုဒ် အဆုံးမသတ်ခင် မင်းကိုငါပြောပြချင်တယ်...။ ။ (ပန်းခင်လေး)

3 comments:

အဖြူရောင်နတ်သမီး said...

“ကောင်မလေး...တစ်ယောက်အကြောင်း
ပုံပြင်လေးတစ်ပုဒ် အဆုံးမသတ်ခင်
မင်းကိုငါပြောပြချင်တယ်...
ရှေ့ဆက်မရတဲ့ ငါ့အိပ်မက်တွေ
ငါ့ အလွမ်းကိုရှင်သန်စေတယ်.....
(အမည်မသိကဗျာဆရာ)
...........................................ဘယ်လိုရေးရေးလှနေတဲ့ကဗျာလေးပါပဲ..

ပန်းခင်းလေး said...

ပန်းခင်းပထမနှစ်မှာရေးထားတဲ့ ကဗျာလေးကို
အခုလို မိုးငွေ့  blog မှာ ပြန်ဖော်ပြပေးတာ
ကျေးဇူးနော် ...

ခင်မင်စွာနဲ့ 

ပန်းခင်းလေး

Cameron said...

ကဗျာလေးက သိပ်လှတော့အမဘလောက်မှာတင်ခွင့်ရတာပဲ ကျေးဇူးတင်ပါတယ် ပန်းခင်းလေး