Tuesday, 28 November 2023

ချစ်တိုင်းလည်းမညား.....

 



ဒီသီချင်းမှာ ကျနော် ဗိုလ်ပိုင်ရဲ့ Rapping အပိုင်းလေးကိုရေးပြပါမယ်... ကြိုက်လွန်းလို့......။


🎵မင်းနဲ့ မင်းနဲ့ ဝေးလို့သွားရင်
ဘာတွေဘယ်လိုငါဖြစ်သွားမှာကို
စဉ်းစားရင်း ရူးမတတ်ဖြစ်တဲ့
အချိန်တွေကြာမေ့သွားမှာစိုး
စွန်ကလေးရဲ့ ဘီးငယ်လို🎵
ဆွဲထားဖို့အတွက်တော့ မလုပ်ပါကိုယ်
မင်းလေးသွားဖို့ ခရီးလမ်းတစ်ထောက်ငါဆို
🎵ပျံသန်းသွားဟိုးအမြင့်ထက်ယံကို
စိတ်ကူးများ အများကြီးရှိလည်း
ပေါင်းစပ်ဖို့အတွက် မဖြစ်တာငါသိ🎵
တကယ်တမ်းကျ ငါလိုလူမှာ ပေးဆပ်နိုင်တာ
အချစ်အပြင်ဘာရှိ
အချစ်ဆိုတာကို ထားခဲ့အဝေး
ငါလိုလူကို မသနားနဲ့ခလေး
မင်းရဲ့ ဘဝအတွက် ပျံသန်းလိုက်ပါ
🎵 Come on Baby Fly Away 🎵



ဆယ်နှစ်ကျော်လောက်တွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း လွှမ်းပိုင်တစ်ယောက် အသဲကွဲသီချင်းတွေဆက်တိုက်ထွက်လာတဲ့ထဲက "ချစ်တိုင်းလည်းမညား" ဆိုတဲ့ ဒီသီချင်းလေး တစ်လအတွင်း Viewer နှစ်သန်းကျော်သွားခဲ့တယ်...။  ဒါကလည်း ကိုယ်တိုင်ခံစားချက်ကို စကားလုံးလှလှနဲ့ဖန်တီးတတ်တဲ့ တေးရေး/ဆို လွှမ်းပိုင်းရဲ့ အရည်အချင်းတစ်ရပ်ပေါ့..။

ဒီသီချင်းက "နှုတ်ဆက်စာ" ဆိုတဲ့ Album ထဲက တစ်ပုဒ်ဗျ....။ အဲ Album မှာ စုစုပေါင်း သီချင်း 8ပုဒ်တိတိပါ ပါတယ်...။ နှုတ်ဆက်စာ, အဖြည့်ခံ, မင်းနဲ့ငါ, ချစ်တိုင်းလည်းမညား, I'm so lonely, Carbon dioxide, I know that Feel Bro နဲ့ ကျားခြေရာ တို့ပဲဖြစ်တယ်...။ ကျန်သီချင်းများကို ကျနော် သေသေချာချာနားမထောင်ဖြစ်သေးဘူ...။ လွှမ်းပိုင်ရဲ့ You Tube Channel မှာ တင်ပေးသလောက်သွားနားထောင်ကကြည့်လိုက်ဦးမယ်...။


__________________
Revolution will prevail
မိုးငွေ့


No comments: