Monday, 13 November 2023

အချစ်ဦး.....


 

ဒီတလော Kira ရဲ့ First Love ကို ကျနော် နားထောင်ဖြစ်နေတယ်...။ သူ့ You Tube Channel ကိုလည်း ကျနော်က Subscribe လုပ်ထားတော့ သူ သီချင်း တစ်ပုဒ်အသစ်တင်တိုင်း ကျနော်က update သွားကြည့်ဖြစ်တယ်...။ အခုတစ်ပုဒ်က မူလ"အချစ်ဦး"သီချင်းကို Piano Version လေးပြန်တီးပြီး ဆိုထားတာလေးပါ အရသာတစ်မျိုးပေးတယ် ပီယာနိုကိုရူးသွပ်တဲ့သူတွေအတွက် အကြိုက်တွေ့မယ့် ဗားရှင်းလေးပါပဲ...။ သီချင်းလေးက Melody လေးလည်းကောင်း စာသားအဓိပ္ပါယ်လေးကလည်းကောင်းတော့ အားလုံးပြည့်စုံတယ်လို့ပြောရမယ်...။ ကျနော်ကတော့ ကြိုက်တယ်...။ သူ့ မြူးဇစ်စတိုင်လ်က Pop ချိုချိုလေးပါပဲ ဒါပေမယ့် ကျနော့်နားထဲမှာတော့ R&B အငွေ့အသက်လေးရနေတယ်..။ You Tube မှာ သွားနားထောင်ရင်း Like and Subscribe လေး လုပ်ပေးသွားကြပါဦးလို့....:)



__________________
Revolution will prevail
မိုးငွေ့

No comments: