ယွန်းမြတ်သူရဲ့ The End MV လေးကြည့်ရတာ Disney ကာတွန်းကားလေးတစ်ခုထဲကိုရောက်သွားသလိုမျိုး လွမ်းလွမ်းဆွေးဆွေးနဲ့ သီချင်းလေးက မယ်လိုဒီရော စာသားလေးရောကောင်းလိုက်တာ...။ နောက်ပိုင်း လူငယ်ဒါရိုက်တာတွေက အဆင့်မှီရိုက်နိုင် Creation တွေလည်း သိပ်ကောင်းလာကြတယ်...။ ဒီ MV ထဲမှာ လိပ်ပြာလေးလည်းပါလာပြန်တယ်နော်...။ ဒီ MV လေးကို တကယ်က လိပ်ပြာလေးပါလို့ကြည့်မိတာမျိုးမဟုတ်ဘဲ ယွန်းမြတ်သူ သီချင်းတွေကို You Tube မှာရှာရင်း သူနောက်ဆုံးတင်ထားတဲ့ Update music လေးမို့ ဝင်ကြည့်ရင်း အမှတ်မထင်တွေ့လိုက်တာပါ...။
Tiktok မှာ ယွန်းမြတ်သူနဲ့ သူ့အမျိုးသားလေးတို့ activities လေးတွေ ပို့စ်တက်တက်လာလို့ ဝင်ကြည့်ရင်း သူ့သီချင်းကိုသိချင်လို့ You Tube မှာသွားရှာရတာပဲ...ဒီလိုနဲ့ The End ကို ကျနော် တွေ့ရှိခဲ့ရတယ်ပေါ့...။ နောက်တစ်ခုက ဒီ MV လေးကိုကြည့်ရင်း ကျနော့်ရဲ့ အိန်ဂျယ်စာစုမှာ High light အဖြစ်ဆုံးတစ်ပုဒ် "ပျောက်ဆုံးနေသော အိန်ဂျယ်" ကို ပြေးမြင်မိသွားတယ်....။
ဘယ်လိုပဲဖြစ်ဖြစ် သတိရခြင်းတွေကို သယ်ဆောင်လာတဲ့ လိပ်ပြာလေးက ကျနော့်ဆီကို "The End" MV ကနေ နောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ရောက်လာခဲ့ပြီ...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment