ဝိုင်းစုသီချင်းလေးတွေတော်တော်များများကျနော်ကြိုက်တယ် သူ့သီချင်းလေးတွေက မြူးဆစ်ရော စာသားလေးတွေရော ချစ်စရာလေးတွေ ပေါ့ပေါ့ပါးပါးလေးလွမ်းရတဲ့ သီချင်းမျိုးလေး...။ ဒီတစ်ပုဒ်က ကျနော့် Sound Cloud Pop Selection ထဲကတစ်ပုဒ်....😍
ချစ်တဲ့စိတ်ဟာ တော်တော်ဆိုးရွားပြီး ခွင့်မလွတ်နိုင်တာတွေကိုပါ မှေးမှိန်ပျောက်ကွယ်စေတဲ့အပြင် တမ်းတလွမ်းရတဲ့စိတ်ကိုပါ သည်းသည်းထန်ထန် တခါတလေ ဖြစ်စေသေးတယ်... တကယ်ချစ်ခဲ့လို့ဖြစ်ပါလိမ့်မယ်လေ...။
ဒါနဲ့ 2023 နှစ်ကုန်တော့မယ် .....
အရင်လို ဒီဇင်ဘာမှာ ချိုပါစေ ဘာညာလဲ စာတတန်ပေတတန် မရေးဖြစ်တော့ဘူး....။
__________________
Revolution will prevail
မိုးငွေ့
Revolution will prevail
မိုးငွေ့
No comments:
Post a Comment