ပျော်ရွှင်မှုဆိုတာဘာလဲဆိုပြီးလိုက်ရှာနေရင် ...
ဘယ်တော့မှ ပျော်မှာမဟုတ်သလို ...
ဘဝဆိုတာကြီးကို နားလည်ဖို့ပဲကြိုးစားနေရင် ...
တန်အောင်နေလိုက်ရမှာမဟုတ်ဘူး ...#ဂရုမစိုက်ခြင်းအနုပညာ
မပြောင်းမလဲ တည်ငြိမ်ခြင်းဟာ ပျော်ရွှင်ခြင်းရဲ့ သော့ချက်တစ်ခုဖြစ်နိုင်မလား တရိပ်ရိပ်ပြောင်းလဲမှုတွေကြားမှာ စိတ်တွေဟာ လွင့်ပျံသွားတတ်သလား...။ တပ်အပ်ကြီးပြောလို့မရပေမယ့် အနည်းအကျဉ်းတော့မှန်နေလိမ့်မယ်... ။ ဥပမာ - "ပျော်နေသူတစ်ယောက်ဟာ သူနဲ့လောကနဲ့ တစ်သားတည်း ဖြစ်သွားပြီလို့ယုံကြည်တယ်...။ ဘဝရဲ့ အသီးအပွင့်တွေကြားမှာ ပျော်မွေ့နိုင်သလို သေခြင်းတရားကိုလည်း လက်ကမ်းကြိုဆိုနိုင်တယ်...။ သူသေသွားရလည်း ကျန်ခဲ့တဲ့သူနဲ့ တကယ်ကွဲကွာသွားတာ မဟုတ်ဘူးလို့ လက်ခံနိုင်လာတယ်...။ ဘဝရေစီးကြောင်းမှာ အလိုက်သင့်မျောပါနိုင်သူဟာ ပျော်ရွှင်နေတဲ့သူ အစစ်ပဲ...။ (ကာတာ - သုခမြေပုံ)
________________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment