ချစ်သော အိန်ဂျယ်....,
ဟိုး....အရင်တုန်းက ကိုယ်တို့နှစ်ယောက် နှုတ်ဆက်နေကျ ဒီဇင်ဘာက ခုတော့ သူမဟုတ်သလို စိမ်းစိမ်းကားကားကြီးနဲ့ ဖြူလွလွနှင်းပွင့်လေးတွေကိုတောင် မခြွေချပေးနိုင်တော့တာ ဘယ်လောက်ကြာပြီလဲ...။
တစ်သီးပုဂ္ဂလကြောင့်ရော အကြောင်းအမျိုးမျိုးကြောင့်ရော...ခုတလော စိတ်နဲ့ကိုယ် ကပ်လိုက်မကပ်လိုက်ပါပဲ....။ ကြုံတွေ့နေရတဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေက လူတစ်ယောက် ရှင်သန်ရပ်တည်နိုင်ဖို့ အလွန်ခက်ခဲတယ်ဆိုတာ အကုန်လုံးလက်တွေ့ကြုံနေကြရတာမဟုတ်လား...။
စုတ်သထက် စုတ်ပြတ်သပ်လာနေတဲ့ လူ့လောကကြီးမှာ ရာသီဉတုတွေ ဖေါက်လွဲဖေါက်ပြန်ဖြစ်တာလဲ မဆန်းပါဘူး...။
ဘယ်တော့များမှ ကိုယ်တို့ အေးချမ်းတဲ့အချိန်ရောက်လာမှာလဲ ?
ဘယ်တော့များမှ သာယာလှပစည်ပင်ဝပြောတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမလဲ?
ဘယ်တော့များမှ စည်းလုံးညီညွှတ်တဲ့ သူတွေအားလုံးနဲ့ ပျော်စရာကောင်းတဲ့ နိုင်ငံဖြစ်လာမလဲ?
အဲဒီအတွက် ကိုယ်တို့အများကြီး ရင်းနှီးရဦးမှာ ကိုယ့်အတွက်မဟုတ်တဲ့ ကျန်ရစ်ခဲ့သူတွေအတွက် ဆက်ပြီး ရင်းနှီးနေရဦးမှာပဲ......ကိုယ်တတ်နိုင်တဲ့ မြူတစ်မှုန် သဲတစ်ပွင့် ဖြစ်ဖြစ်ပေါ့....။
လုပ်စရာရှိတာတွေပဲ လုပ်နေရင်း စာတွေလဲမရေးဖြစ်သလို စာတွေလည်း မဖတ်ဖြစ်ဘူး....
Miss you Angel
Still flying
Still loving
Revolution will prevail
မိုးငွေ့
No comments:
Post a Comment