Friday, 15 December 2023

အကြိမ်ကြိမ်.....


ကျနော် သီချင်းတွေ ဆက်တိုက်တင်ပြီဆိုရင် ကျနော်ဘာပို့စ်မှ စာမရေးဖြစ်လို့ဆိုတာ အားလုံး သိလောက်ပါတယ်...။ တကယ်ကျနော် အခုတလော ဘာတွေရှုပ်မှန်းမသိ စာလဲမဖတ်ဖြစ်ဘူး ဒီလောက်ဆွဲဆောင်အားကောင်းတဲ့ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ "မမ" စာအုပ်တောင်မှ အိပ်ရာဘေးမှာ ဒီတိုင်းလေး တိုးလို့တန်းလန်း....။ အဲစာအုပ်လေးဖတ်ပြီးရင်တော့ ကျနော်စာတစ်ပုဒ်ရေးဖြစ်မယ်ထင်တယ်...။ ခုတော့ သီချင်းလေးတွေကိုပဲ နားထောင်ထားကြဦး...။

ယွန်းမြတ်သူရဲ့ "အကြိမ်ကြိမ်" က  You Tube ပေါ်တင်လိုက်တာ ရက်ပိုင်းပဲရှိဦးမယ်...။ THOR(THE HEART OF RANGOON) မှာလုပ်တဲ့ သူ့ရဲ့  (၂၅)နှစ်မြောက်မွေးနေ့မှာဆိုဖြစ်တဲ့ သီချင်းလေး ...။ နောက်ပိုင်း ထွက်လာတဲ့အဆိုတော်သစ်မှာ သူလေးက သီချင်းအဆိုကောင်း ချစ်စရာလည်းကောင်းတဲ့ ကောင်မလေးတစ်ယောက်လို့ မြင်တယ်...။

အဖြစ်အပျက်တစ်ခုခုကိုဖြစ်ဖြစ် ခံစားမှုတစ်ခုခုကိုဖြစ်ဖြစ် မေ့ပစ်နိုင်အောင် ဘဝကနေပျောက်ကွယ်သွားအောင် အကြိမ်ကြိမ်ကြိုးစားခဲ့ရတာတွေ လူတိုင်းမှာရှိခဲ့ဖူးမယ်ထင်ပါတယ်...။ အဲလိုအကြိမ်ကြိမ်ကြိုးစားလုပ်ဆောင်နေရင်း အားထုတ်နေရင်းနဲ့လည်း မေ့ပျောက်ပစ်ဖို့မရနိုင်တဲ့ ခံစားမှုတွေလဲ လူတိုင်းမှာ ရှိဖူးမှာပါ...။


🎵 အကြိမ်ကြိမ်နေနိုင်အောင် ကြိုးစားခဲ့ပါတယ်...

🎵 ဒီဒဏ်ရာတွေကို  မေ့ဖျောက်ဖူးပါတယ်....

🎵 ခံနိုင်ရည်ကုန်အောင် ချစ်ခဲ့ဖူးပါတယ်....

🎵 သူပျော်နိုင်အောင် တောင်းဆုပြုဖူးပါတယ်....




 


__________________
Revolution will prevail
မိုးငွေ့

No comments: