Happy New Year 2024 ချစ်စရာ Mayu လေးက နှုတ်ဆက်လိုက်ပါတယ်ရှင့်
၂၀၂၄ မှာရိုက်ဖြစ်တဲ့ ပထမဆုံးပုံ... အနောက်က အပင်လေးလှလို့ ရိုက်လိုက်တာ
လူပါရောလှသွားတာတော့ မတတ်နိုင် ... :P
နှစ်သစ်လက်ဆောင်
2024 ဟာ အကောင်းဖက်ကို ရောက်လာမယ့်နှစ်တစ်နှစ်လို့ ကျမအတွက်ရော တစ်တိုင်းပြည်လုံးအတွက်ပါ မျှော်လင့်ပါတယ်...။ သူများတိုင်းပြည်တွေမှာတော့ ရွှေနဂါးနှစ်မို့ 2024 ကို အကြီးအကျယ်တွေကြိုဆိုကြပါတယ် ...။ ပျော်ရွှင်မှုတွေက Date ကုန်သွားလို့ထင်ပါရဲ့ ငယ်တုန်းကလို ပျော်စရာဆိုတာမရှိတော့...။ ၁၂နာရီထိုးဖို့စောင့်ပြီး Happy New Year လို့အော်ဟစ်နှုတ်ဆက်ဖို့လည်း စိတ်မပါတော့...။ ကိုယ့်အတွက် နောက်တစ်နှစ်ကူးသွားပေမယ့် ဘာမှထူးထူးခြားခြားမဟုတ်သလို ကိုယ်နဲ့မဆိုင်သလိုပါပဲလေ...။ ဒါပေမယ့် ကုန်ဆုံးသွားတဲ့ နှစ်ဟောင်းတွေလိုမဟုတ်ဘဲ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုမျိုးကိုတော့ ကြိုဆိုပါတယ်....။ တရုတ်လို နှစ်ခြောက်ဆယ်မှတစ်ခါပေါ်တဲ့ ရွှေနဂါးနှစ်မို့ ဒီနှစ်ထဲ ကလေးမွေးမယ့်သူတွေကတော့ အရမ်းကောင်းပေါ့...။
ဘလော့ရေးတဲ့ သက်တမ်းတလျှောက်မှာ နှစ်ကူးနှုတ်ဆက်တဲ့ ပို့စ်လေး ကျမရေးဖြစ်တာ ရှားပါတယ်...။ ဒီနှစ်တော့ ထူးထူးခြားခြားလေး ကျမရဲ့ စာဖတ်သူတွေအားလုံးကို နှုတ်ဆက်ပါတယ် ...။ အားလုံးအတူတူ တောင်းနေကြတဲ့ ဆု... အဲဆုတစ်ခု ဒီနှစ်မှာ ပြည့်စုံပါစေ....။
Dream Big in 2024!! New Year Wishes for
a Year of Achievements
နှစ်ဟောင်းမှာ ချန်ထားခဲ့ရမည့် အရာတွေက ...
⭐️ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေ
⭐️ အားနာပြီး မငြင်းတဲ့ ကိုယ့် အကျင့်တွေ
⭐️ ကိုယ့်ကို နာကျင်စေတဲ့ လူတွေ
⭐️ တိကျသေချာမှု မရှိတဲ့ Boundary တွေ
⭐️ အခြားလူနဲ့ နှိုင်းယှဉ်မိတဲ့ အကျင့်တွေ
⭐️ ကိုယ့်အားသာချက်ကို ထုတ်မသုံးဖြစ်တာတွေ
⭐️ တခုခုဆို ကိုယ်နဲ့ မထိုက်တန်ဖူးလို့ တွေးမိတာတွေ
⭐️ Overthinking ဖြစ် လွန်းတာတွေ
⭐️ အချိန် ဆွဲနေတာတွေ အပြင်၊ ပြီးပြည့်စုံ ချင်တဲ့ အကျင့်တွေ
⭐️ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေမှာ ဖိအားပေးလွန်း အားကြီးတာတွေ
⭐️ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လစ်လျူရှုထား မိတာတွေ
စတဲ့ အကျင့်တွေကို နှစ်ဟောင်းမှာ ချန်ထားပြီး စိတ်သစ် ကိုယ်သစ်နဲ့ ရှေ့ဆက်ရမှာပါ ဖြစ်ပါတယ် …
🍀 မျိုးသီဟကျော် ~ Randy 🍀
⭐️ Life Coach & Spiritual Mentor
⭐️ Energy Healer & Trainer
Revolution will prevail
မိုးငွေ့
No comments:
Post a Comment