Friday, 12 January 2024

အိပ်မက်ရဲ့အသက်


 


မခိုင်ကြီး(ထွန်းအိန္ဒြာဗို)နဲ့ Featuring အနဂ္ဂတို့ရဲ့ "အိပ်မက်ရဲ့အသက်" ကို Bunny Phyo နဲ့ ထက်ထက်(Bsox) တို့ပြန်ဆိုတော့ Tiktok မှာပေါက်လိုက်တာ ခုရက်ပိုင်း အဲသီချင်းတွေချည်း‌ဆော့ကြတာ...။ Bunny Phyo က melody အပိုင်းကိုဆိုပြီး Rapping က ထက်ထက်ရွတ်တာ...။ Version အသစ်ဆိုကြတဲ့ သီချင်းတွေမှာ အသစ်ကိုတော့ တော်တော်များများလက်ခံတတ်လာကြပါပြီ...။ ခေတ်ရေစီးအလိုက် ဂီတကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပြီး မူလသီချင်းကိုလည်းမထိုက်ခိုက်စေတာမို့ ပုံစံအသစ်တစ်မျိုးနဲ့ နားထောင်ကောင်းပါတယ်...။ ကျနော်က ကောင်းရင်ကောင်းသလို ပုံစံအသစ် ဗားရှင်းအသစ်ကိုလက်ခံတယ် ခေတ်အရ ပြောင်းလဲရတာကိုလည်း နားလည်ပေးနိုင်တယ် အဲလိုဖြစ်အောင်လဲကြိုးစားတယ်...။ တရားသေကြီး အဟောင်းထဲမှာ နစ်မြှုပ်နေတဲ့သူထဲတော့မပါဘူးဗျ...။



_________________
Revolution will prevail
မိုးငွေ့


No comments: