"ချစ်တိုင်းလည်းမညား" ငယ်စဉ်ကတည်းက ကိုငှက်ကြီးသီချင်းတွေအများကြီးထဲက အကြိုက်ဆုံးတွေထဲမှာပါဝင်ခဲ့တယ်...။ အဲတုန်းက နာရည်ပေါ်ကမျက်ရည်စက်များတို့ အဲလို ခပ်ဆွေးဆွေးသီချင်းမျိုးတွေ အသေနားထောင်ခဲ့တာ....။ ကျနော် အခု ဇမ်းနူးရဲ့ ဗားရှင်းလေးကို အရမ်းကြိုက်တယ်....သူက အသံပါဝါကောင်းတဲ့ ကျနော်ကြိုက်တဲ့ အမျိုးသမီးအဆိုတော်ထဲမှာပါတယ်..။ မူလသီချင်းကို ပုံစံအသစ်တွေပြောင်းဆိုကြတဲ့အခါ တချို့သီချင်းနားထောင်သူတွေက အဟောင်းတို့ မူလအော်ရီဂျင်နယ်တို့ကိုပဲစွဲလန်းဖက်တွယ်နေတတ်ကြတာ သမာရိုးကျဖြစ်ရပ်ပါ...။ များသောအားဖြင့် မူရင်းကို လိုက်မမှီဘူး မကောင်းဘူးလို့ ဝေဖန်ကြတာများတယ်လေ....။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို တချို့ အသစ်အသစ်တွေလည်း ကောင်းတာအများကြီးရှိတယ်ဆိုတာကို လက်ခံစေချင်တယ်...။ ရှေ့လျှောက်က အသစ်အသစ်တွေပဲပေါ်ထွက်ဖို့ရှိတာမလား ဘာမဆိုပေါ့....။ အသစ်တစ်ခုဖြစ်ဖို့ အဟောင်းကိုတော့ ပစ်ပယ်ရတာမဟုတ်ဘူးလေ အဟောင်းအပေါ် အခြေခံပြီး အသစ်တွေဖြစ်လာရတာမို့ အဟောင်းကလဲ ရှိသင့်တာရှိနေရဦးမှာပဲ...။
R&B မှာ ဆရာကျလွန်းလှတဲ့ ဇမ်နူးပြန်ဆိုထားတဲ့ ဗားရှင်းလေးက Music Arrangement လေးသိပ်ကောင်းတယ်...။ Base သံများများလေးနဲ့ တိတ်ဆိတ်တဲ့ညမှာ တစ်ယောက်ထဲနားထောင်ရတာကောင်းတယ်...။ ခုရက်ပိုင်း ထပ်ခါတလဲလဲ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်..."ချစ်တိုင်းလည်းမညား" တဲ့...။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment