ချစ်သော... အိန်ဂျယ်,,,
နေကောင်းလား...?
ကိုယ်ကတော့ ၂နှစ်ကျော်လုံးလုံး သူများတကာတွေ တလောကလုံး အသုန်းအရုန်း ဖျားနာကြ မလွတ်တဲ့သူများ expired တွေဖြစ်ကြတဲ့အချိန်တွေမှာ ကျန်းမာရေးဒေါင်ဒေါင်မြည်ခဲ့ပါလျက်နဲ့ ဟိုတလောက ဆေးစစ်ပြီး သွေးတွင်းအဆီများနေတာကိုချရင်း သတိမပြုလိုက်မိတာ Immune system ပါကျပြီး နှာစေး ချောင်းဆိုးဖြစ် လည်ချောင်းပါနဲနဲနာချင် (အဖျားတော့မရှိ) တာကို ၃ရက်လောက်ဖြစ်လိုက်တယ်...။ အားလုံးကတော့ ဒါကိုဗစ်လက္ခဏာပဲဘာညာပြောကြ ထင်ကြေးပေးကြ ဆေးခန်းပြခိုင်းကြပေမယ့် ကိုယ်ကတော့ပေပြီး အိမ်မှာပဲကိုယ်ဘာသာကိုယ် ထူထောင်အောင်လုပ်တယ်...။ လုပ်နေကျ ညနေတိုင်းလမ်းလျှောက်တယ် ရေများများသောက်တယ်...။ ကြက်ဥ အသားငါး ဘာမှစားချင်စိတ်မရှိဘဲ သစ်သီးတွေကိုပဲစားချင်နေမိတယ်....။ မောတာတွေတော့မဖြစ်ပါဘူး...။ အသက်ရှည်ရှည်ရှူတယ်....။ ပါးစပ်တော့အစားပျက်တယ်...။ ထမင်းစားမကောင်းဘူး....။ ဒီလောက်ပါပဲ ခုတော့ နေကောင်းသွားပါပြီ...။ ဝိတ်ကိုလည်း အထူးတလည်ချစရာမလိုတော့ဘူး အခု ၁၂၅-၂၆ နေလို့ထိုင်လို့ကောင်းတယ်...။ အဝတ်စားဝတ်ရတာလဲ သက်တောင့်သက်သာရှိတယ်....။ မျက်နှာလည်းအဆီကျ မေးရိုးထင်းထင်းပေါ် ဘော်ဒီလည်းရှည်ရှည်ပါးပါး မော်ဒယ်လ်ဖြစ်သွားပြီသိလား....။
ပိုပြီးနေလို့ကောင်းသွားတာက တကယ့်ဖြစ်တည်မှုအမှန်ကို ကိုယ်လက်ခံတတ်သွားတာကြောင့်ပဲ...။ တစ်သက်လုံး အမှန်လို့မျက်စိမှိတ်ယုံကြည်ခဲ့တဲ့ အရာတချို့ကို ရှင်းလင်းစွာသိရတာတွေကြောင့်ရယ်ပေါ့...။ ကိုယ် မသေခင် သိလိုက်ရတဲ့အကြောင်းအရာတချို့တွေအတွက်လည်း သိပ်ကိုကျေနပ်မိပါတယ်....။ ကိုယ်သေဆုံးတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကို ဆေးရုံလှူဒါန်းတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကိုယ် ပယ်ဖျက်ပစ်လိုက်ပီ...။ အတုအယောင်တွေနဲ့ဖုံးလွှမ်းထားတဲ့ ကမ္ဘာကြီးမှာ အမှန်ကိုမြင်နိုင်တဲ့လူဦးရေတွေ အရမ်းနည်းသေးတဲ့အတွက် အားမရတော့ဖြစ်မိတယ်...။ ဒါပေမယ့်လည်း ကမ္ဘာပေါ်နေထိုင်ကြတဲ့ လူအားလုံးသာ အမှန်ကဘာလဲဆိုတာသိသွားကြရင် ကမ္ဘာကြီးလည်နေတာ ရပ်သွားနိုင်မယ်လို့ ကိုယ်ထင်တယ်....။
ပိုနေမြဲကျားနေမြဲ မသိသေးတာကိုမသိတာလဲ ခပ်ကောင်းကောင်းပါ....။ ကိုယ်ဆိုအရင်က အမြဲတမ်းအရာရာကို အကောင်းမြင်ဝါဒရှိခဲ့တယ်...။ အဲဒီစိတ်ကို မကောင်းဘူးလို့မဆိုလိုပါဘူး...။ Life is not a morning rose မဟုတ်လား....။ ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ့်မျှော်လင့်ချက်လေးနဲ့ မျောလွင့်နေရတာကောင်းတယ်လေ....။ ဟော.... ဘာကဘာလဲဆိုတာ သိလိုက်ရတဲ့အချိန်ကစပြီး စိတ်ကူးယဉ်လို့မရတော့သလို ပျင်းစရာလဲကောင်းလာတယ်...။ ဒါကြောင့်ဒီနောက်ပိုင်း ကိုယ်သီချင်းတွေနဲ့ပဲအဖော်လုပ်နေရတာ ဘယ်လောက်ကြာပြီလဲ…။ ဒါပေမယ့် ကိုယ်ပျော်ပါတယ်....။
Still loving....
Revolution will prevail
No comments:
Post a Comment