ချစ်သောအိန်ဂျယ်.....,
လူတစ်ယောက်ကပြောဖူးတယ် သူကိုယ်တိုင်ဖန်တီးထားတဲ့ ဘယ်အရာမဆို ခလုတ်တစ်ချက်နှိပ်ပြီး Delete လုပ်ပစ်တဲ့ထိ မမိုက်မဲဘူးတဲ့...။ ဒီလိုဆို ကိုယ်ကအကြိမ်ကြိမ်မိုက်မဲခဲ့တဲ့သူပဲ ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ အရာတွေကို အတော်များများဖျက်စီးခဲ့ဖူးတယ် ခလုတ်လေးတစ်ချက်နှိပ်ပြီးလဲ Delete လုပ်ခဲ့ဖူးတယ်....။
ကိုယ်မြတ်နိုးတဲ့အရာကိုမှပဲ ခလုတ်လေးတစ်ချက်နဲ့ ကိုယ်ဖျက်စီးပစ်ခဲ့တယ်....။ မင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေတော့ ကိုယ်ဘာနဲ့မဆိုလဲပြီး ကာကွယ်မယ် ဘယ်တော့မှမပျောက်ပျက်အောင်ထိန်းသိမ်းမယ် Google စနစ်မပပျောက်သရွေ့ ကိုယ့်ဘလော့ရှိနေသရွေ့ ကိုယ်အသက်ရှင်သရွေ့ အိန်ဂျယ်ဆိုတာ ဘယ်တော့မှ ပျောက်ကွယ်မသွားစေရဘူး ....။
Be good enough to forgive for someone but don’t be stupid enough to trust them again. တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုတဲ့ စကားပုံလိုပါပဲ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် အမှတ်ရနေစေဖို့ နောက်ထပ်မမိုက်မဲမိဖို့ ....သတိ သတိ သတိ....။
I miss you Angel .....😢
Still loving ….
Revolution will prevail
မိုးငွေ့
No comments:
Post a Comment