Tuesday, 24 May 2022

လေနှင်ခဲ့သူ.....

 



တလောက အမှတ်တမဲ့ ဝိုင်းစုဆိုထားတဲ့ "လေနှင်ခဲ့သူ"ကို နားထောင်ရင်း ဒီသီချင်းလေးကို သိနေပါတယ်လို့ ရှာလိုက်တာ ကေအေတီရေးပြီး ပိုးရည်ဆိုခဲ့ဖူးတဲ့ သီချင်းဆိုတာ You Tube မှာတွေ့လိုက်ရတယ်....။ ပိုးရည် ဆိုတာက မဒီနဲ့ ဆိုပုံဆိုပေါက်တူတဲ့ မဒီနောက်မှာ ကေအေတီတင်ပေးလိုက်တဲ့ အဆိုတော်သစ်ကောင်မလေးပေါ့  ကြာခဲ့ပြီပဲ...။  ပိုးရည်ဆိုတာကို မေ့တောင်နေခဲ့ပြီ...ဝိုင်းစုပြန်ဆိုတာကို နားထောင်ရင်း ပိုးရည်ကို ပြန်ရှာတွေ့သွားခဲ့တာပဲ...။ အဲတုန်းက သူ့သီချင်းလေးတွေ တော်တော်များများနားထောင်ကောင်းတယ်...။






__________________
Revolution will prevail
မိုးငွေ့

No comments: