Friday, 20 May 2022

Banana Diary’s (3)…..






Ingredients:

2 overripe bananas
1 banana ( for topping )
1/2 tsp lemon juice 
1 cup and + 2 tbs all purpose flour 1 cup and + 2 tbs
3/4 tsp baking powder
1/2 tsp baking soda
1 egg
1/2 cup sugar
3 drop vanilla essence
6 Tbls oil
1/4 cup butter milk (Home made butter milk 1/4 cup milk + 1/2 tsp vinegar mix and keep aside 10 mins)


Pre heat oven 170 C and grease the cake pan. Mash ripe bananas and mixed with lemon juice. Sieved all dry ingredients and set a side. In another large bowl beat the egg and sugar together until the color lighten and combine with mash banana. Put the oil, vanilla essence and butter milk (I use yogurt for mine) and mixed. Then fold the dry ingredient until combine with spatula or the electric beaten. Pour the batter in the prepare  pan. Tap 2 to 3 times to let off air bubbles. Place the slice of banana for topping. Bake in preheated oven for 55 mins until a wooden skewer inserted come out clean. Can adjust the temperature and time, due to your oven.


Recipe ကို မြန်မာစာမဖတ်တတ်တဲ့သူတွေအတွက် ဘိုလိုပဲရေးပေးလိုက်ပါတယ်...။ အရင်လုပ်ဖူးတဲ့ Moist Banana Cake အချိုးအတိုင်းကိုပဲ အပေါ်က ငှက်ပျောသီးစိပ်လေးတွေ ထပ်ထည့်လိုက်တာပဲရှိတယ် အရသာကအရင်အတိုင်း ချိုအိမွှေးမြ ပါပဲ....။ လွန်ခဲ့တဲ့ 2021 ဒီဇင်ဘာ 18th  တုန်းက အဖွားရဲ့နှစ်ပတ်လည်မှာ ကန်တော့ဖြစ်တဲ့ မုန့်လေးဖြစ်ပါတယ်...။ ဗီယက်နမ်ထုံးစံကလည်း တရုတ်နဲ့တူတူပါပဲ ဆုံးပါးသွားတဲ့ မိဘဘိုးဘွားတွေကို နှစ်စဉ်ကန်တော့တာ ဘာညာပေါ့ တကယ်ကသားယောကျ်ားတွေဖြစ်တဲ့ ဦးလေးတွေလုပ်ရမယ့်အလုပ်ပါ အဒေါ်က(ကျမငယ်စဉ်ကတည်းကျောင်းထားပေးခဲ့တဲ့အဒေါ်) သူ့မိဘကန်တော့ချင်ပေမယ့် သူ့အိမ်မှကျ ယောက္ခမဓါတ်ပုံတွေရှိလို့ ထားမရတာနဲ့ ကျမတို့အိမ်ကို အဖိုးအဖွားဓါတ်ပုံတွေလာထားတယ် အဖိုးနဲ့အဖွားနှစ်ပတ်လည်ကို ကျမတို့နှစ်စဉ်လုပ်ပေးရတယ်ပေါ့...။ ဒီလိုလုပ်ရတာက မဟာယနမို့ ဗုဒ္ဓဘာသာမလို့ဆိုပြီး ဘာမှမငြင်းလိုပါဘူး...။ ရိုးရာထုံးတမ်းဓလေ့ကို လိုက်နာတယ်ပဲ သဘောထားပါတယ်...။ တကယ်အရေးကြီးတာက ကိုယ့်ရဲ့ မိဘဘိုးဘွားတွေအသက်ရှင်စဉ်ကာလပါပဲ သူတို့ စားနိုင်သောက်နိုင်နေတုန်းမှာ မငြိုမငြင်ပဲ ကျွေးမွေးပြုစုပေးနိုင်ဖို့ပါပဲ...။ ဆုံးပါးပြီးသွားတဲ့အခါကျမှ ဟိုဟာချက်ပြီး ကန်တော့ရ ဒီဟာချက်ပြီး ကန်တော့ရတာ သိပ်တော့အဓိပ္ပါယ်မရှိဘူးမဟုတ်လား....။ ကန်တော့ပြီးတော့ အိမ်ကလူပြန်စားလို့ရတယ် ဒါပဲလေ...ဟန်ပြအလုပ်ကြီးနဲ့မတူဘူးလား....။ 

နည်းနည်းအတင်းတုတ်ဦးမယ် တလောက သူငယ်ချင်းတစ်ယောက်အမေဆုံးသွားတယ် သူတို့က မြန်မာလူမျိုးစစ်စစ်တွေ ဗုဒ္ဓဘာသာတွေ ရှေးရိုးစွဲမိသားစုတွေ...။ သူငယ်ချင်းရဲ့အစ်မတစ်ယောက်က သူ့မိခင်ကြီးအတွက် သက်ပျောက်ဆွမ်းကို ရက်လည်မတိုင်ခင်ထိ ခြောက်ရက်တိတိ သံဃာတွေကို ကပ်လှူပါတယ်ဆိုတဲ့အကြောင်း Face Book ပေါ်တင်ပါတယ်...။ ခက်တာပဲ ဒါတောင် သူတို့က ဗုဒ္ဓဘာသာဝင်တွေနော်....။ ကောင်းမှုကုသိုလ်လုပ်ပေးတာကို နားလည်ပါတယ်...။ မိခင်ကြီးအသက်ရှိစဉ်က တစ်နေ့တစ်ခါတောင် ဟင်းစားလေး မုန့်လေးလာမကျွေးနိုင်ကြဘူး ကဲ ခုသေတော့ အဲလိုလုပ်ပေးတာ သူရမရ ဘယ်မှာသိနိုင်လဲ...။ လောလောဆယ်တော့ ဖဘမှာ ငါလုပ်ပါတယ်ဆိုတဲ့ ကြွားပို့စ်လေးတစ်ခုပဲ....။ ဗုဒ္ဓဘာသာမှမဟုတ်ဘူး ဘယ်ဘာသာဝင်မဆို အလှူတစ်ခုလုပ်တာဟာ အပေါ်ယံပကာသန နဲ့ တပ်မက်မှုတွေမပါရဘူးဆိုတာ သိနေကြတာပဲ...။ စိတ်ထဲက သဒ္ဓါမွန်မြတ်ဖို့ ငွေကုန်စရာမလိုဘဲ လှူရတဲ့ အလှူတွေမှ အများကြီး စိတ်ထားတတ်ရင်ရပြီ....။ 

တစ်သက်လုံးဂျင်းထည့်ခံလာရတဲ့ ကိစ္စတွေအတော်များများ ဗူးပေါ်သလိုပေါ်လာပြီးနောက်မှာ ကျမကတော့ လက်တွေ့ကျကျကိုယ်ပိုင်ဉီးနှောက်ကနေတွေးတောဆင်ခြင်လို့ရလာတဲ့ အရာတွေကိုပဲ ယုံကြည်နိုင်တော့တယ်... ။









 



Happy Baking !!!!!



__________________
Revolution will prevail
မိုးငွေ့

No comments: