Thursday, 12 May 2022

မိုးထဲမှာ.....



မိုးကို‌ မျှော်ရတာ မျှော်ရတာ ခုတော့ သူ ရောက်လာပြီ.....။ ရာသီဉတုပူလို့ မိုးကိုမျှော်ကြသလို ကျမကတော့ မိုးကိုချစ်လို့  မိုးရွာတာကိုကြိုက်လို့ကို မျှော်ရတာပဲ....။ မိုးရွာရင် ကော်ဖီလေးတစ်ခွက်နဲ့ မိုးရာသီ သီချင်းလေးတွေ နားထောင်ရတာလောက် အရသာရှိတာ မရှိ....။ ဖီးလ်သမားဆိုတော့လဲလေ နော်....။ 

ပုလဲခေတ်တဲ့ နာမည်လေးကချစ်စရာလေး လူရောပဲ သူ့ကို ကျမ မသိဘူးဘဲ....။ သူက Doreme Girl Band ထဲက တစ်ယောက်ဖြစ်မယ်...သူ့နာမည်ဘေးမှာ ဒိုရေမီလို့ ရေးထားတာတွေ့လို့လေ သူတို့အဖွဲ့ကိုတော့ နာမည်ကြားဖူးပါတယ်....။ ပုလဲခေတ်က Single Album တွေဖြစ်တဲ့ "မိုးထဲမှာ" "အိမ်ပြန်ချင်သည်" "အပြစ်တဲ့လား" " အလွမ်းနှစ်ကူး" "မချစ်မိအောင်နေပါ့မယ်" "ငါပဲတောင်းပန်မယ်" တို့ထွက်ထားပြီးသား...။ 

မိုးရာသီရောက်ပြီဆိုတော့ ထုံးစံအတိုင်း  နားမထောင်ရသေးတဲ့ မိုးသီချင်းလေးတွေကို တင်ပေးချင်နေတာလေ....။




__________________
Revolution will prevail
မိုးငွေ့

No comments: