VIDEO
ဒီသီချင်းလေးဖြစ်ပေါ်လာပုံ ကိုမျိုးကျော့ ဖေ့ဘုတ်ပေ့ချ်မှာတင်ထားတာတွေ့လို့ သီချင်းလေးကိုတင်ရင်း ပြန်ရေးပြပါရစေ....။ အဲတုန်းက ဒီသီချင်းကို လေယာဉ်ပျံပေါ်မှာရေးခဲ့တဲ့ အသက်၁၅နှစ် အရွယ်ကောင်လေးတစ်ယောက်ရဲ့ လက်ရာတစ်ခုဆိုတာကို ကာယကံရှင်ကိုယ်တိုင်သာမပြောပြခဲ့ရင် သိနိုင်မှာမဟုတ်ဘူး....။ တော်လိုက်တာ......:) ဒီသီချင်းက မိုးတွေရွာနေချိန်ခဏ အမ်လ်ဘမ်ထဲက လေးပုဒ်မြှောက်သီချင်းလေးပါ.....။
" ဒီမိုးကောင်းကင်မှာ သီချင်းက 🎵 ♬ ကိုယ့်အနားတိမ်ရိပ်တွေ ကိုယ့်အနားကြယ်စုတွေ🎵 ♬ ဆိုတဲ့ စာသားရေးတဲ့အချိန်မှာ တကယ်ပဲ ကျွန်တော့်အနား တိမ်တွေရော ခပ်လှမ်းလှမ်းမှာလဲကြယ်တွေကိုပါ နီးနီးလေး တွေ့နေရတဲ့အချိန်မှာ ရေးခဲ့တာပါ....။ ကျွန်တော့်အသက် ၁၅ နှစ်လောက်က အဖေတခြား Pilotတွေကို သင်ပေးတဲ့ Training flight မှာလိုက်သွားရင်း လေယာဉ်တစ်စင်းလုံး Passenger Seat မှာ တစ်ယောက်ထဲမို့ ဟိုတွေးဒီတွေးနဲ့ နေဝင်နေတဲ့အချိန် တိမ်တွေကလဲ ကိုယ့်အောက်ရောက်လိုက် ဘေးနားရှိလိုက်နဲ့ အဲလိုအချိန်မှာ ရေးမိခဲ့တာပါ...လေယာဉ်ဆင်းသွားတဲ့ အချိန်မှာပဲ သီချင်းအစအဆုံးရေးပြီးခဲ့ပါတယ်...တကယ်သတိရစရာပါပဲ...." သီချင်းလေးဖြစ်ပေါ်လာပုံက ကြည်နူးကျေနပ်စရာကောင်းလိုက်တာ....။
ကျွန်မသာ ကိုမျိုးကျော့လိုအရွယ်မှာ အဲလိုလေယာဉ်ထဲမှာ တစ်ယောက်ထဲ တိမ်တွေ ကြယ်တွေကို အနီးကပ်မြင်နေရရင် အပျော်လွန်ပြီး ဘာမှတောင် ရေးလို့ထွက်မှာမဟုတ်ဘူး ကျွန်မက တိမ်တွေ ကြယ်တွေကိုချစ်တယ်လေ... သူတို့ကိုငေးမောရတာနဲ့တင် အားလုံးကို မေ့မျောနေမှာ သေချာတယ်....။
------------------------- --------------------------- ------------------------
ကျွန်မ Instagram stories မှာ Y-zet(ကိုကြီး) တင်ထားတာလေးတွေ့လို့ ပြန်မျှဝေပေးတာပါ....ညီမလေးတစ်ယောက်တင်ထားခဲ့တဲ့ ပို့စ်ကို သူက ss နဲ့ stories မှာပြန်တင်ပေးထားတာ....။ ဒါဟာ Civil Disobedience Movement of Artists, for the people by the people ပါပဲ ....
အနုပညာချစ်တဲ့သူတိုင်းအတွက်သာ...<3 <3 <3
အနုပညာတွေ ကန်းသွားတဲ့အချိန် ........................
ကိုကျားပေါက်က သီချင်းတွေ မရေးတော့ဘူးလို့ official တောင်းပန်သွားတယ်..........
ကိုမျိုးကျော့မြိုင်က သူ့ဖန်တီးမှုတွေ ရပ်လိုက်ရမယ့် ကာလတစ်ခု ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးတဲ့ ...................
ရသစာပေရဲ့ မြစ်ဖျားဖြစ်တဲ့ ရွှေအမြုတေ ပိတ်သိမ်းလိုက်ရတယ်...........
Social Media တွေမှာ နေ့စဉ်နဲ့အမျှနီးပါး ထွက်ရှိခဲ့တဲ့ သီချင်းအသစ်တွေ Music Creation တွေ ဘာမှ မရှိတော့ဘူး...................
အဆိုတော်တွေ သီချင်းမဆိုကြတော့ဘူး
သရုပ်ဆောင်တွေ ထောင်ထဲမှာ
ပန်းချီဆရာတွေ ပန်းချီမဆွဲတော့ဘူး
Street Art တေွ မမြင်ရတော့ဘူး
အနုပညာ ကန်းသွားတဲ့နိုင်ငံ
Soft Power တွေ သေသွားတဲ့နိုင်ငံ
နင်တို့ကတော့ တစ်မနက်တည်း ကြော်ငြာလိုက်တာပါပဲ
ငါတို့မှာသာ
နေရာပေါင်းစုံ ဆွံ့အမှောင်မည်းသွားခဲ့ရတာ
Credit : Nobel
အနုပညာကန်းသွားတဲ့နိုင်ငံမှာ ဘာကြောင့် အနုပညာယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားရတယ် ဆိုတဲ့အကြောင်းအရင်းတချို့ကို ကမ္ဘာတဝှမ်းက မြန်မာတွေသိအောင်တော့ ကျွန်မမှာပြောပြရမယ့် တာဝန်ရှိပါတယ်....။ ဒါကြောင့် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်မဘလော့အမြဲတမ်း Streaming ဖြစ်နေမှာပါ......။
မိုးငွေ့
No comments:
Post a Comment