ငါးပိထောင်းစပ်စပ်လေး သံပုရာရည်ညစ်ထားတယ်...
ဒါက ထမင်းစားပြီးလို့ ရှူးရှူးရှဲရှဲဖြစ်တော့
အစပ်ပြေ အချိုပွဲ အုန်းနို့ခပ်ပျစ်ပျစ် နှမ်းမဲဖြူးထားတဲ့ ငှက်ပျောပေါင်း
ရခိုင်ငှက်ပျောသီးကိုးလုံး (ကျန်တာကို ငှက်ပျောကြော်လုပ်ဖို့ချန်ထားတာ) သကြားထမင်းစားဇွန်းငါးဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် အုန်းနို့တစ်ဗူး(ရယ်ဒီမိတ်) ။ သကြားကိုရေနဲနဲနဲ့ အရင်ကြိုပြီး စစ်ထားပါ...။ ပြီးမှ အုန်းနို့ သကြားရည်နဲ့ဆား ကိုပြန်ရောပြီး ဆူအောင်တည်မယ်...။ ငှက်ပျောသီးကိုဖန်ရည်ကုန်အောင် ကင်မွန်းရွက် မကျည်းရွက်တို့နဲ့ တရေပြုတ်ထားပြီး ရရင်အခွံခွာထားပါ..။ အုန်နို့ပွက်ပွက်ဆူတဲ့အထဲ ငှက်ပျောသီးထည့်ပြီး မီးမြေ့မြေ့နဲ့ မိနစ်နှစ်ဆယ်လောက်တည်ရင် ချိုမွှေးဆိမ့်နေတဲ့ငှက်ပျောပေါင်းရပါပြီ...။
အမြင်လည်းလှ စားချင်စရာလည်းကောင်းတဲ့ ယိုးဒယားငှက်ပျောကြော်...ကြွပ်ကြွပ်ရွရွလေး
နေ့လည် နေ့ခင်း သရေစာလေးတစ်ပွဲပေါ့
City Mart ကဝယ်ထားတဲ့ ရယ်ဒီမိတ် ငှက်ပျောကြော်အမှုန့်... ဂျုံ+သကြား+အုန်းသီးဖတ်+နှမ်း
ဂျုံမှုန့်ကို ခပ်ပျစ်ပျစ်အနေရေနဲ့ရောပြီးဖျော်ထားတာ
ငှက်ပျောသီးတစ်လုံးကို လေးလွှာလွှာထားတာ...
နှစ်ရက်ဆက်ပိတ်ထားတော့ ရုံးဖွင့်ဖွင့်ချင်းအလုပ်တွေရှုပ်နေတာ... ဒီပို့်စ်ကိုတောင် မနည်းအချိန်လု တင်ရတယ်...။ အဲလို ကိုယ့်ကိုအားပေးတဲ့ ကိုယ်ချစ်တဲ့ စာဖတ်သူတွေကို အဆက်မပြတ်ချင်တာပါ...။
မိုးငွေ့








4 comments:
ဝက်သားပူစီနံသုပ်ကလွဲရင် အားလုံးအားပေးသွားတယ် မိုးငွေ့ရေး)
ငှက်ပျောပေါင်း လုပ်စားချင်လာပြီ ...
ငါးပိထောင်းစပ်စပ်လေးကို စားချင်စဖွယ်ပြင်ဆင်ထားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငှက်ပျောပေါင်းစားချင်ထှာ :P
ငှက်ပျောပေါင်းလေးစားချင်ထှာ :P
ဝက်သားသုပ်လေးလည်းကြိုက်တယ်..ငပိထောင်းစပ်စပ်လေးလဲ စားဖူးချင်တယ်..
Post a Comment