ကြက်သားနုတ်နုတ်စင်း 200ဂရမ်၊ မှိုတစ်ထုပ်၊ ငရုတ်ပွတစ်ခု သေးသေးလှီး၊ ဥနီဥတစ်ဥ သေးသေးလှီး၊ ကြက်သွန်ဖြူ နီ နှုတ်နှုတ်စင်း
ခရမ်းချဉ်သီးအလုံးကြီးကြီးငါးလုံးကို မိုင်ခရိုဝေ့နဲ့ သုံးမိနစ်လှည့် အခွံခွာ နှုတ်နှုတ်စင်းပြီး အောရီဂန်းနိုးနဲ့ ငရုတ်သီးမှုန့်ပါပြီး ရယ်ဒီမိတ်အမှုန့်ကို နှစ်ဇွန်းရောထားတယ်...၊ ကြက်သားကို ငရုတ်သီးနဲ့ သံလွင်ဆီထဲစိမ်ထားတဲ့ ဖီတာချိမ်စ်ကို လက်နဲ့ချေပြီး ရောနယ်နှပ်ထားတယ်..။
စပါ့ဂတီကို ဆား သံလွင်ဆီခတ်ထားတဲ့ ရေဆူဆူမှာ 7မိနစ်ကနော 10မိနစ်လောက်ပြုတ်ပြီး စစ်ထားမယ် ဒယ်ကို အပူပေးပြီး သံလွင်ဆီ ဟင်းခတ်ဇွန်းနှစ်ဇွန်းထည့် ကြက်သွန်ဖြူနီထည့်ကြော် မွှေးလာရင် ဥနီထည့် ကြက်သားနှပ်ထားတာထည့် ၀ိုင်နဲနဲထည့် သုံးလေးမိနစ်လောက်အဆက်မပြတ်မွှေပေးနေ ကြက်သားရေခြောက်ရင် ငရုတ်ပွထည့်ကြော် ပြီတော့ ခရမ်းချဉ်သီးနှစ်ကိုလောင်းထည့် မှိုထည့် မိနစ်နှစ်ဆယ်လောက် မီးမြှေ့မြှေ့မှာ နှပ်ထား....။ အာဗင်အကြီးရှိရင်တော့ အဲဒီထဲ မိနစ်နှစ်ဆယ် ထည့်နှပ်လည်း ရတယ်...။
စားခါနီးတော့ ထောပတ်လေးနဲ့နယ်ထားတဲ့ စပါ့ဂတီဖတ်လေးမှာ အနှစ်ကလေးဆမ်းပြီး နယ်စား အိုး ဆွေမျိုးမေ့ပဲ...။ ကြက်သားက ချိစ်နဲ့နယ်နှပ်ထားလို့ ချိစ်အရသာ ငံကျိကျိ ဆိမ့်တိန့်တိန့်နဲ့ မှိုကလဲ ချိုပြီး ကိုက်စားလိုက်တိုင်း ထုတ်ထုတ်ထုတ်နဲ့မို့ အခါတိုင်းချက်စားတဲ့ စပါ့ဂတီအရသာနဲ့တော့ ကွာသွားတယ်...း)
တကယ်တော့ ဖီတာချိစ်နဲ့ ဘယ်အီတာလျံကမှ စပါ့ဂတီမချက်ကြဘူးထင်တယ်...။ ကိုယ်က အိမ်မှာရှိတာလေး မီနူးပြောင်းချက်ထားတာပါ...။ ချီတာချိစ်ဆိုတာ သူတို့က အရွက်ကလေးနဲ့ အသားကလေးနဲ့ ဆလပ်ပဲသုပ်စားတတ်ကြတာကိုးး..။
မိုးငွေ့
8 comments:
ချက်နည်းလေးကိုစိတ်ဝင်စားတယ် ပုံကြည့်ပြီးစားချင်လိုက်တာနော် ခေါက်ဆွဲ ဆိုရင်အားလုံးကြိုက်တယ် ချဉ်စပ်လေးတွေလဲကြိုက်တယ်
အက်ဆေးလှလှလေးတွေကိုလဲချစ်တယ်
အက်ဆေးရေးတဲ့သူကို
ခေါက်ဆွဲ အချက်ကောင်းတဲ့သူကို
အဘွားးးးးးးးးးးးးးးးးးး
အဲ့မှိုလေးတွေ တစ်ခါမှ မစားဖူးသေးဘူးသိလားအစ်မ.။
တွေ့တော့တွေ့မိသလိုပဲ.။ စားကြည့်ဦးမှ ထင်တယ်.။
ကျွန်တော့်လင့်ခ်လေးပြင်ပေးပါဦးအစ်မ.။
ကျွန်တော့်နာမည်က ပြဿနာနည်းနည်းတက်နေလို့ :'(
ကြိုက်တယ် :)))) ရှလွတ်
ဒီလိုမှန်းသိရင် ရန်ကုန်မှာရောက်တုံးက၀င်စားခဲ့ပါတယ်။
:)))
မမိုး လုပ်ကျွေးနော်
စားချင့်စဖွယ်လေးက ဆွဲဆောင်နေလိုက်တာ
ချစ်တဲ့သဒ္ဓါ
စားချင်တယ် ညီမမိုး၊ စပါ့ဂတီ ကြိုက်တယ်း)
ဘယ်အီတာလျံကမှ ချီတာချိစ်နဲ့  စပါ့ဂတီ မချက်ကြဘူးဆိုပေမယ့် စားကောင်းမှာတော့ သေချာတယ်..စပါ့ဂတီတောင် စားချင်လာပြီ..း)
Post a Comment