Friday, 1 March 2013

ဒိတ်ဒိတ်ကြဲ.....




စိုင်းစိုင်းသီချင်းတွေတော်တော်များများကိုနှစ်သက်မိတာ သူကိုယ်တိုင်ရေးတဲ့ ကဗျာဆန်ဆန် စကားလုံးတွေကြောင့်လို့ပြောလို့ရတယ်....။ ကိုယ်ဟန်ပြမော်ဒယ်ကနေ အနုပညာအသိုင်းအ၀ိုင်းထဲကို စရောက်လာပေမယ့် တကယ်တမ်းသူ့ကိုလူသိများသွားတာက Hip Hop အဆိုတော်ဘ၀မှာပါ....။ သူ့မွေးနေ့ရှိုးဝယ်တွေထဲမှာ Balazon မှာလုပ်တဲ့ ပထမဦးဆုံး ရှိုးပွဲကိုအကြိုက်ဆုံးပဲ......။ အဲတုန်းက ဖေဖော်ဝါရီမှတ်တမ်းအခွေထဲက သီချင်းကိုအများဆုံး ဆိုတာကိုး..။ ပြီးတော့ ကိုယ်က ဖေဖော်ဝါရီအမ်ဘမ်ကို အကြိုက်ဆုံးပဲ...။ သူသီချင်းရေးတဲ့စတိုင်လ်က စကားလုံးလေးတွေ နူးနူးညံ့ညံ့လေးတွေရေး တာကိုကြိုက်တာ...။ ဒါပေမယ့် သူ့ကို သရုပ်ဆောင်ထာထက် သီချင်းဆိုတာကိုပိုကြိုက်တယ်...။

Hip Hop အဆိုတော်ပေမယ့် သူက R&B တွေ Pop တွေလဲ တခါတလေဆိုပါတယ်....။ ခုနောက်ဆုံးထွက်တဲ့ ဒိတ်ဒိတ်ကြဲ အမ်ဘမ်လေးကတော့ စစချင်းနားထောင်တုန်းက သီချင်းတွေကိုဆူတယ်လို့ ခံစားရတယ်...။ နောက်တော့ တဖြေးဖြေးနားယဉ်လာတော့ ကြိုက်လာတယ်...။ ခုအမ်ဘမ်ထဲက သီချင်းတွေက Dance ပုံစံပိုပေါက်တယ်...။ သီချင်းအမျိုးအစားတွေကို ကိုယ်သေချာမခွဲတတ်ပေမယ့် အဲလို ခပ်မြူးမြူးနောက်ခံအတီးတွေက Dance ပိုဆန်တယ်...။ ကိုယ်ထင်တယ် သူ့သီချင်းတွေက လာမယ့် သင်္ကြန်အတွက်တော့ မဏ္ဍ်ပေါ်မှာ ကလို့ခုန်လို့ကောင်းမယ့်မြူဆစ်ပဲ သေချာတယ်...။
ဒိတ်ဒိတ်ကြဲ အမ်ဘမ်မှာ စုစုပေါင်း သီချင်း 14 ပုဒ်ပါတယ်...


၁။ ဒိတ်ဒိတ်ကြဲ  (တေးရေး၊ တေးဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring ငယ်ငယ်)

၂။ အလွမ်းအထာ (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring Bunny Phyo)

၃။ ဟိုက်ရှားဘား (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ Bunny Phyo၊ စိုးကြီး)

၎။ ၀ိညဉ်ဖက် (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring နန္ဒစိုင်း)

၅။ ပြီးခဲ့သောဇာတ်လမ်းအကျဉ်း (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring သအို)

၆။ နား နား နား (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း၊ featuring နန္ဒစိုင်း)

၇။ ရက်စက်မှကြေကွဲ (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring ဗုံဗုံ)

၈။ ရည်းစားစာ (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်)

၉။ ဒီလိုဆိုလူရှိန်ပြီ (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring သီရိဆွေ)

၁၀။ အပြာရောင်လမ်းခွဲ (ရေး/ဆို ကိုအောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ featuring အိမ့်ချစ်)

၁၁။ ဘုတ်ဖြစ်ပြီ (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်)

၁၂။ ချာတိတ်အတွက် (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်)

၁၃။ ဆရာမကြီး (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring နန္ဒစိုင်း)

၁၄။ တစ်ကိုယ်တော်ဗယ်လင်န်တိုင်း (ရေး/ဆို စိုင်းစိုင်းခမ်းလှိုင်၊ featuring Bunny Phyo)

ကိုယ့်မှာ သီချင်းအသစ်တွေထွက်တိုင်း ဒိုင်ခံဒေါင်းလုတ်ပေးတဲ့ ကိုယ့်စာတွေကို အားပေးနေကျ ညီမငယ် တစ်ယောက်ရှိတယ်...။ ဒိတ်ဒိတ်ကြဲကိုလည်း သူဒေါင်းပေးထားတာကို အရင်နားထောင်ထားတာ..။ ဆိုတော့ Featuring ဘယ်သူတွေဆိုသလဲဆိုတာ Bunny Phyo ကလွဲပြီး ကျန်တဲ့သူတွေကို သေချာမသိပါဘူး...။ နောက်တော့ အိမ်မှာ ညီမလေးက စိုင်းစိုင်း CD ကို လက်ဆောင်ရထားတယ်ဆိုတာနဲ့ သူ့ သီချင်းအမ်ဘမ်စာအုပ်လေးကို ဖတ်ကြည့်မိတော့မှ ဘယ်သူတွေ featuring ဆိုထားတယ်ဆိုတာကို သေချာသိရတော့မယ်...။ ဒီထဲမှာ ကိုယ်အကြိုက်ဆုံး “ရက်စက်မှကြေကွဲ” ကို စနားထောင်တုန်းက မို့မို့လို့ပဲထင်ထားတာ နောက်တော့မဟုတ်ဘူး မို့မို့ရဲ့တူမ ဗုံဗုံတဲ့ မို့မို့နဲ့တော့အသံတော်တော်ဆင်တူတယ်။ နောက် သအိုနဲ့ဆိုတဲ့တစ်ပုဒ်ကိုလဲ ဖြိုးကြီးလို့ပဲ မှတ်တာလေ..အဲလိုမျိုးပေါ့ အသံတွေကို ကျက်မိတာ...။



မိုးငွေ့


8 comments:

ညိမ်းနိုင် said...

ဖေဖော်ဝါရီမှတ်တမ်းကိုတော့ သိပ်ကြိုက်....၊ကျန်တာတွေ
တော့ သိပ်နားထောင်လို့မရ.....။

မိုးနတ်ကြယ်စင် said...

တူတူပဲ မီးလဲ ကိုကြီးစိုင်းကို သရုပ်ဆောင်တာထက်
သီချင်းဆိုတာကိုပဲ ပိုပြီးနှစ်သက်တယ်....လူတိုင်း
ူလူတိုင်းဟာ သူ့လိုင်းနဲ့သူရှိတယ်...ကိုကြီးစိုင်းကတော့
သီချင်းဆိုတာကိုပဲ ညလေးခံစားလို့ရတယ်...
သရုပ်ဆောင်လုပ်ရင် သူ့ကိုလုံးဝခံစားလို့ မရတော့ဘူးးးးး
သီချင်းလေးတင်ပေးထားတာ ကျေးဇူးပါ မ ရေ...
ညလေးကတော့ အဲ့အခွေကို ခုထိကိုသေချာနားမထောင်
ဖြစ်သေးဘူးးးး သူများတွေကလဲ ပြောတယ်..စစချင်း
နားထောင်ရင်တော့ တစ်မျိုးပဲတဲ့...ကြာကြာနားထောင်
လိုက်တော့လဲ ကောင်းသွားရောတဲ့...မ ပြောတာနဲ့
တူတယ် :)))

မိုးညချမ်း said...

စိုင်းစိုင်းကတော့ ညလေးအထက်တန်အရွယ်ကတည်းက ကြိုက်ရတဲ့ အဆိုတော် တစ်ယောက်ပါပဲ မမရေ ... ဒါပေမယ့် နောက်ဆုံးထွက်တဲ့ ''ဒိတ်ဒိတ်ကြဲ''ကိုတော့ သေချာနားမထောင်ဖူးသေးဘူး :)

မိုးညချမ်း said...

စိုင်းစိုင်းကတော့ ညလေးအထက်တန်အရွယ်ကတည်းက ကြိုက်ရတဲ့ အဆိုတော် တစ်ယောက်ပါပဲ မမရေ ... ဒါပေမယ့် နောက်ဆုံးထွက်တဲ့ ''ဒိတ်ဒိတ်ကြဲ''ကိုတော့ သေချာနားမထောင်ဖူးသေးဘူး :)

ညလင်းအိမ် said...

ခုလို့ ထုတ်လွှင့်ပေးတာ ကျေးဇူး ... မမီး ...

ချစ်စံအိမ် said...

လမင်းလည်းစိုင်းစိုင်းကိုကြိုက်တယ်.. :D

Thu said...

အမစာဖတ်ပြီးမှပဲ စိုင်းစိုင်းကိုနားထောင်ဖို့သတိရတယ်။
အလုပ်တွေများနေလို့ ဒေါင်းပြီးတော့မှကို နားမထောင်ရသေးဘူး။:))

မောင်သီဟ said...

တခါမှ စိတ်လိုလက်ရ အားစိုက်နားမထောင်သလို က္ဈန်တော်ကျတော့ မကြိုက်ဖူးး)

စိုးလွင် ထူးအိမ်သင် ဒိုးလုံး လှိုင်ဦးမော် စံလင်း ခိုင်ထူး ခင်မောင်တိုး စတဲ့ အဆိုကျော်တွေကိုပဲ အချိန်ပေးဖြစ်တယ်း)